Unicode
System created💜67💜
"ဟုန်းအာဆိုတာ မင်းရဲ့နာမည် မဟုတ်လား"
"ဟုတ်တယ်..... လဲ့ကျီ"မေနန်းဟွား ဆန်ပြုတ်ပန်းကန်ကို ဘေးသို့ချကာ လဲ့ကျီလက်တစ်ဖက်အား လှမ်းဆုပ်ကိုင်လေသည်။ လဲ့ကျီသည် မေနန်းဟွားမဟုတ်သော အခြားတစ်ယောက်က သူ့လက်ကို လာကိုင်တော့ တခဏဆွံအသွား၏။
ဒီအထိအတွေ့က သူအရင်းနှီးဆုံးမလို့ မငြင်းဆန်နိုင်ပေ။ မေနန်းဟွားက ခြေနှစ်ဖက်ဆင်းလျက် အနေအထားမှ တင်ပျဥ်ခွေ ပြောင်းထိုင်လိုက်ကာ လဲ့ကျီလက်ကိုလည်း သူ့လက်ကလေးများဖြင့် တင်းတင်းဆုပ်လာသည်။
"ငါမင်းကိုမေးချင်တယ်"
"အင်း""ငါကမေနန်းဟွား မဟုတ်ဘူး.... ဒါပေမယ့် ငါနဲ့သူက ရုပ်ရည်အတူတူပဲ ငါဒီခန္ဓာကိုယ်မှာ ဆက်ရှင်သန်မယ်ဆိုရင် ငါတို့နှစ်ယောက် အစကနေပြန်စလို့ ရမလား"
"? ?"လဲ့ကျီမှာ ဘာပြောရမှန်းတောင် မသိတော့ပေ။
"မင်းငါ့ကိုမေနန်းဟွားထင်ပြီး ချစ်ခဲ့တာ ငါသိပါတယ်.... ဒါပေမဲ့ ငါတို့အစကနေ ပြန်စလို့ရတယ်လေ ဟုတ်တယ်မလား...."
လဲ့ကျီကမတုန်မလှုပ်နဲ့ သူ့ကိုကြည့်နေဆဲ။ လဲ့ကျီရဲ့တည်ငြိမ်နေတဲ့ အခြေအနေက သူပြောတာကို လက်မခံချင်ဘူးဟု မေနန်းဟွားထင်သွားသည်။ တကယ်တော့ လဲ့ကျီတစ်ယောက် စိတ်တွေရှုပ်နေတာကြောင့် ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်နေတာပင်။
မေနန်းဟွား၏အကြည့်များက သူဆုပ်ကိုင်ထားတဲ့ လဲ့ကျီ၏လက်ချောင်းတွေဆီ ရောက်သွားသည်။ အရင်ကလို သူ့ကိုပြန်ဆုပ်ကိုင်လာခြင်း မရှိတော့တဲ့ လက်ချောင်းတွေက အစဥ်တစိုက် တည်ငြိမ်နေသည်။
မေနန်းဟွား မျက်ရည်တစ်စက် အိပ်ရာခင်းပေါ် ကျသွား၏။ သူကမျက်လုံးကို စုံမှိတ်ချကာ တစ်ခဏ တိတ်ဆိတ်သွားသည်။ အချစ်ကြောင့် နာကျင်ပေမယ့် ရှိုက်ကြီးတငင် ငိုကြွေးမယ့်အထဲတော့ သူမပါပေ။ လဲ့ကျီရှေ့မှာ ပျော့ညံ့တဲ့ လူတစ်ယောက်လိုလည်း မနေချင်ဘူး။
ကျလာတော့မည့် မျက်ရည်များကို ထိန်းချုပ်ကာ လဲ့ကျီလက်ကိုလည်း လွှတ်ပေးလိုက်၏။
YOU ARE READING
System created (Completed)