💜Part (125)💜

3K 351 0
                                    

System created

                       💜125💜

       သူ့ရဲ့ပျံသန်းနှုန်းက တော်တော်လေး မြန်တော့ သုံးနာရီလောက်သာ ကြာ၏။ မြေပြင်ခရီးအားဖြင့် တစ်လလောက် သွားရမယ့် နေရာကို သုံးနာရီအတွင်း ရောက်ခဲ့သည်။ သူမှာထားတဲ့အတိုင်း မိုးကြိုးဖြူကလည်း လဲ့ကျီရှိနိုင်မယ့် နေရာအနီးမှာ ဆင်းလိုက်၏။

<"သခင် ရောက်ပါပြီ">

         မိုးကြိုးဖြူဆီက အသံကြားတော့ စုန်ဟုန်းဟိုင် ကွေးကွေးလေး အိပ်နေရာမှ ထလာသည်။ သူက ငှက်ကြီး၏ကျောပေါ်မှ ဆင်းလိုက်ပြီး မြို့ဂိတ်တံခါးကြီးကို ကြည့်လိုက်သည်။

"မိုးကြိုးဖြူ.... မင်းတစ်နေရာမှာ သွားပုန်းနေလိုက်"
<"ဟုတ်ကဲ့">

        ဒါက မန့်နိုင်ငံတော်တော့ မဟုတ်ပေ။ မန့်နိုင်ငံတော်ရဲ့ လက်အောက်ခံ မြို့တစ်မြို့ပဲဖြစ်သည်။ စုန်ဟုန်းဟိုင် မျက်နှာကို ပဝါစဖြင့် ဖုံးကွယ်လျက် မြို့ရိုးဆီကို ဖြည်းဖြည်းချင်းသာ လျှောက်လာခဲ့၏။

["ဆေးကုသမှုဖြင့် ပွိုင့်လဲလှယ်ပါ"]
("ငါ မိစ္ဆာအငွေ့အသက်တွေ ရနေတယ်")

["ဒီနေရာက မိစ္ဆာနဲ့လူတွေ တိုက်ပွဲဖြစ်သွားတဲ့နေရာပါ"]

        တိုက်ပွဲဖြစ်ထားတာ မကြာသေးတဲ့ပုံပဲ။ နောက်ပြီး မြို့က ဂိတ်စောင့်တွေဘာတွေလည်း မရှိဘဲ တံခါးတွေဟာလည်း ကျိုးပဲ့ ပျက်စီးနေလေသည်။ နှင်းတွေက နေရာအနှံ့မှာ ဖုံးလွှမ်းနေပြီး အပျက်အစီးတွေက နေရာတိုင်းမှာ ရှိနေသည်။

       သူတွေးမိ၏။ လဲ့ကျီတကယ်ပဲ ဒီမြို့ထဲမှာ ရှိနေတာလား။

       မြို့ထဲဝင်လာတော့မှ လူတစ်ယောက်စ နှစ်ယောက်စ စတွေ့လာရသည်။ လူတိုင်းက ပူပူနွေးနွေး ပေါက်စီကိုကိုင်လျက် တစ်နေရာက ပြန်လာကြဟန်တူ၏။ ကြည့်လိုက်တာနဲ့ ဆင်းရဲချို့တဲ့တဲ့ ပြည်သူတွေမှန်း ပြောနိုင်သည်။

        စုန်ဟုန်းဟိုင် ကလေးတစ်ယောက်ကို မေးပြီး ပေါက်စီဝေနေတဲ့ နေရာဆီကို ထွက်လာခဲ့သည်။ မြို့ကကျယ်လည်းကျယ်တော့ သူနာရီဝက်လောက် လမ်းလျှောက်ပြီးမှသာ ပေါက်စီဝေနေတဲ့ နေရာကို ရောက်ခဲ့၏။

System created (Completed)Donde viven las historias. Descúbrelo ahora