💜Part (33)💜

4.9K 606 2
                                    

Unicode
System created

                       💜33💜

"လဲ့ကျီ ဒီတောက မိစ္ဆာတွေနဲ့ ပြည့်နေတာဆိုတော့ အန္တရာယ်များတယ်.... ပြီးတော့ ငါ့မှာက လက်နက်မရှိဘူးလေ"
"မကြောက်နဲ့ ကျွန်တော်ကာကွယ်မယ်"

"ငါသိပါတယ် မင်းငါ့ကိုကာကွယ်ပေးမှာ ငါသိတယ်.... ဒါပေမယ့် မင်းအမြဲတမ်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလေ"
"ကျွန်တော်အရှင့်သားကို ကာကွယ်မယ်"

"ဟုတ်ပါပြီ.... ငါမင်းကို မင်းကိုတစ်ခုလောက် အကူအညီတောင်းချင်လို့"
"ကြိုက်တာပြော.... ကျွန်တော်လုပ်ပေးမယ်"

("မင်းလုပ်စရာ မလိုဘူး.... အဲ့တာက ငါလုပ်ရမယ့်ကိစ္စ..... ဟူး..... အရင်ဘဝက ကလေးတွေကို စာသင်ရတာထက် ခက်ပါလား)

"ဒီလိုပါ.... ငါမကြာသေးခင်က လေ့လာနေတဲ့ အစီအရင်တစ်ခုရှိတယ် ငါ့ခန္ဓာကိုယ်က သိဒ္ဓိကျောက်နဲ့ စွမ်းအင်လေ့ကျင့်ရင်တောင် တခြားသူတွေလို မြန်မြန်ကြီး မတိုးတတ်လာဘူးလေ.... အဲ့တာကြောင့် ငါနောက်ထပ်နည်းလမ်းတစ်ခုကို စမ်းသပ်နေတာ"

       သူကထိုမျှသာ ပြောရသေးသည် လဲ့ကျီက ကျောက်ရုပ်ကြီးလို တိတ်ဆိတ်နေ၏။ မေနန်းဟွားခန္ဓာကိုယ်က စွမ်းအင်ကျင့်ကြံရာတွင် ခက်ခဲနေကြောင်း ကြားလိုက်ရလို့ သူတိတ်ဆိတ်သွားတာပင်။

"လဲ့ကျီ...."
"ဟင်...."

"ငါစဥ်းစားထားတဲ့ နည်းလမ်းက ဒီလိုပါ.... မင်းဝယ်ထားပေးတဲ့ သိဒ္ဓိကျောက်တွေကို ငါသန့်စင်ပြီးပြီ သူတို့ထဲကစွမ်းအင်တွေကို ငါမင်းဆီလွှဲပေးမယ်... "
"ကျွန်တော့်ဆီ?"

"အင်း ဘာလို့လဲဆိုတော့ အရမ်းမြန်မြန်ကြီး စုပ်ယူလိုက်ရင် ငါမခံနိုင်လို့ပါ.... မင်းက ကိုးရောင်ချုပ်အစီအရင်နဲ့ အဲ့ဒီစွမ်းအင်တွေကို တည်ငြိမ်အောင်လုပ်ပေး.... အားလုံးပြီးရင် ငါပြန်ယူလိုက်မယ်"
"အရှင့်သား စိတ်ကျင့်စဥ်အတွက် သိဒ္ဓိစွမ်းအင်လိုအပ်နေတာလား"

        မေနန်းဟွားက စိတ်ကျင့်စဥ်နဲ့ ဆေးဖော်ခြင်း၊ မှော်လက်နက်ထွင်ခြင်းတို့ကို ပြုလုပ်တတ်သူမို့ လဲ့ကျီက မေနန်းဟွား သိဒ္ဓိစွမ်းအင်မပြည့်ဝလို့ ပြောနေတာဟု ထင်လိုက်သည်။ မေနန်းဟွားလည်း ယောင်းရမ်းကာ ခေါင်းညိတ်ပြမိပါတော့သည်။

System created (Completed)Where stories live. Discover now