Unicode
System created💜92💜
မနက်စာစားတော့မှ ယောင်းယွမ်ရဲ့ ချစ်စဖွယ်ကောင်းတဲ့ အကျင့်တစ်ခုကို တွေ့လိုက်ရသည်။ တူကိုင်သည့် လက်ချောင်းတို့က နူးညံ့ကာ အစားစားပုံကလည်း တခြားကလေးတွေနဲ့ မတူဘဲ ယဥ်ကျေးသိမ်မွေ့နေတာကို တွေ့ရသည်။
စုန်ဟုန်းဟိုင်သာမက လဲ့ကျီနဲ့ သခင်မရှန်းလည်း ယောင်းယွမ်ကိုကြည့်ကာ အံ့သြနေကြ၏။ သူတို့သုံးယောက်လုံး မှတ်ချက်ပြုလိုက်တာက ဒီကလေးက အနေအေးပြီး ကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မည် ဟူ၍။
မနက်စာ စားပြီးနောက် ရထားလုံးနဲ့ ခရီးဆက်ခဲ့သည်။ ဒီမြို့ကို ကျော်ပြီးရင်တော့ သူတို့ရည်မှန်းထားတဲ့ တိမ်လွှမ်းတောင်ထွတ်ရဲ့ နေရာဟောင်းကို ရောက်ပြီဖြစ်သည်။ တစ်လမ်းလုံး အားချုံးလေးသည် ဟိုဘက်ပြေးကြည့်လိုက် သည်ဘက်ပြေးလိုက်ဖြင့် သူမြင်သမျှကို လက်ညှိုးထိုးပြီး မေးနေတော့သည်။
သူမေးသမျှကို သခင်မရှန်းကလည်း စိတ်ရှည်ရှည်နဲ့ ဖြေပေးသည်။
"အားချုံးက စပ်စုစိန်လေးပဲ.... ကိုယ်နဲ့တူတာ သိလား"
ထိုစကားကို ပြောလာသူက လဲ့ကျီပင်။ စုန်ဟုန်းဟိုင် ပြုံးလျက်သာ လဲ့ကျီကိုကြည့်နေသည်။ သူက သွေးနီရောင်ဆေးလုံး တစ်လုံးထုတ်၍ လဲ့ကျီကို ခွံကျွေးလိုက်သည်။
"မင်းဆေးသောက်ရမယ့် အချိန်ရောက်ပြီ"
စုန်ဟုန်းဟိုင် လက်ကလေးနှစ်ချောင်း ကြားထဲက ဆေးလုံးကိုလည်းသောက် စုန်ဟုန်းဟိုင် လက်ချောင်းများကိုလည်း လျှာနဲ့စုပ်ယူထားလေသည်။ တစ်ယောက်သောသူကတော့ မျက်လုံးမျက်စံတွေ ပြူးကာ။
"လဲ့ကျီ...."
"အွန်း....""မင်းဘာလုပ်နေတာလဲ လက်လွှတ်လေ.... မြင်းကို ကောင်းကောင်းမောင်း"
မြင်းကောင်းကောင်း မောင်းခိုင်းလိုက်တော့မှ လက်ကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလာလေသည်။ သို့သော် လှည်းမောင်းနေရင်း စုန်ဟုန်းဟိုင် ပါးနဲ့နှုတ်ခမ်းကို မထင်ရင်မထင်သလို လာလာနမ်း၏။ မတက်နိုင်တာကြောင့် စုန်ဟုန်းဟိုင်မှာလည်း ရှက်ပြုံးလေးသာ ပြုံးနေရတော့သည်။
YOU ARE READING
System created (Completed)