💜Part (117)💜

2.7K 305 0
                                    

System created

                       💜117💜

        စုန်ဟုန်းဟိုင် ထိုအရှေ့ပိုင်းနယ်မြေက အဖွဲ့အစည်းဟူသည့် လူများသုံးသွားသည့် အစီအရင် စွမ်းအင်များကို သူ့လက်ဝါးထဲ စုပ်ယူလိုက်သည်။ မတိုင်ခင်က လက်ဝါးထဲတွင် သေးငယ်တဲ့ မှန်တစ်ချပ်ကို ကိုင်ထားခဲ့တာ ဖြစ်၏။

       အနီရောင် အစီအရင်စက်ကွင်း၏ လက်ကျန်စွမ်းအင်များကို ထိုမှော်မှန်က စုပ်ယူသွားလေ၏။

"ဟုန်းအာ.... ဘယ်လိုလဲ"

        စုန်ဟုန်းဟိုင် မတ်တပ်ပြန်ထရပ်ပြီး လဲ့ကျီလက်ထဲ မှန်ကိုထည့်ပေးလိုက်သည်။

"အရှေ့ပိုင်းနယ်မြေက အဖွဲ့တဲ့"
"အရှေ့ပိုင်းနယ်မြေ?"

"အင်း... မင်းသိလို့လား"
"အဲ့တာ လွန်ခဲ့တဲ့ နှစ်၁၀၀လောက်က ဟုန်ကျင်းချင်ဂိုဏ်း တည်ခဲ့တဲ့နေရာပဲ.... ပျက်စီးသွားတာ ကြာပြီဆိုပေမယ့် ဘယ်ကရောက်လာမှန်း မသိတဲ့ လူတွေက သိမ်းပိုက်လိုက်တယ်လေ"

"ဟုန်ကျင်းချင်ဂိုဏ်းလား?... ငါသိတယ် ငါအဲ့ဒီဂိုဏ်းကို သိတယ်... ဒါဆို ငါတို့အဲ့ဒီနေရာကို သွားကြမလား"
"သူတို့က သတင်းတစ်ခုခုကြောင့် ကိုယ့်ဆီရောက်လာတာဆိုတော့ ကိုယ့်ဆီက တစ်ခုခု မရမချင်း ထွက်သွားမှာမဟုတ်ဘူး... သူတို့ဒီအနီးနားဝန်းကျင်က မြို့တွေမှာ ရှိနိုင်တယ် ကိုယ်တို့စုံစမ်းနိုင်ရင် တွေ့နိုင်တယ်"

"အင်းပါ.... ဒါဆိုလည်း အဲ့လိုလုပ်ကြတာပေါ့"

        သူတို့နှစ်ယောက် တောနက်ထဲက ပြန်ထွက်လာခဲ့သည်။ ထိုအဖွဲ့ သုံးသွားတဲ့ အစီအရင် ပုံစံကိုတော့ မှန်ချပ်ထဲတွင် သိမ်းယူထားလိုက်သည်။ ဤမှော်မှန်ထဲမှာ အနီရောင် အစီအရင်စက်ကွင်း၏ အပိုင်းအစအား သိမ်းဆည်းထားနိုင်ပါက စုံစမ်းသည့်နေရာတွင် အထောက်အကူ ပြုနိုင်သည်။

        သားရဲတွေကို ဖိနှိပ်နိုင်သော အစီအရင်သည် တခြားသော အစီအရင်ပညာတွေနဲ့ မတူချေ။ အခြားသော အစီအရင်ပညာရပ်များက ကျင့်ကြံရတာ ဖြစ်ကာ သားရဲဖိနှိပ်သည့် အစီအရင်ကတော့ ရိုးရိုးတန်းတန်း ကျင့်ကြံလို့မရပေ။

System created (Completed)Where stories live. Discover now