💜Part (143)💜

2.1K 244 3
                                    

System created

                      💜143💜

        ကျင်းယောင်းယွမ် တစ်လှမ်းနှစ်လှမ်း လျှောက်သွားပြီး ရှောင်မူချောင်ရဲ့ လက်ကောက်ဝတ်ကို စမ်းသပ်လိုက်သည်။ ထို့နောက် ရှောင်မူချောင်၏ မျက်ခွံတွေပေါ် လက်ဖဝါးကို အသာလေးအုပ်တင်ကာ ငြိမ်သွား၏။

"သူဘယ်လိုနေသေးလဲ"

        ကျင်းယောင်းယွမ်က ခေါင်းခါလိုက်၏။

"သူ့မျက်လုံး...."
"ကန်းသွားပြီလား"

"အင်း"
"ဘယ်လိုလုပ်?"

        ရှင်ကျုံးကိုကြည့်ရတာ အလွန်အမင်း ထိတ်လန့်သွားပုံပင်။

"ကျိန်စာစည်းတံဆိပ် ဗဟိုချက်ရဲ့မျက်စိကို ဖွင့်ပြီးသုံးလိုက်တာကြောင့် သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုက ချို့ယွင်းသွားတာ.... ဒီကမြန်မြန်ထွက်သွားရအောင်"
"အင်းပါ"

        ရှင်ကျုံး သူ့ထက်သေးသွယ်သော ခန္ဓာကိုယ်လေးအား အသာအယာပင် ပွေ့ချီကာ လော့ချုံးရွဲတို့အနောက်ကနေ လိုက်လာခဲ့သည်။ သည်တစ်ခါတော့ အလာတုန်းကလို မဟုတ်ဘဲ နေရာအနှံ့က ချောင်းမြောင်းနေကြသော မိစ္ဆာများကို တွေ့ရလေ၏။

        တစ်ချို့က ကျင်းယောင်းယွမ်ကို ကြည့်နေသလို တစ်ချို့ကလည်း သေရည်တမျမျနဲ့ ရှောင်မူချောင်ကို စူးစူးရဲရဲ စိုက်ကြည့်နေကုန်လေသည်။ ထိုထဲတွင် တစ်ယောက်သောမိစ္ဆာသည် အတင့်ရဲစွာ လော့ချုံးရွဲကို ချုံခိုတိုက်ခိုက်ရန်ပါ ကြံရွယ်လိုက်သေး၏။

        သူ့အကြံ အထမမြောက်လိုက်ပါ။ အစိမ်းရောင် အကြည့်တစ်ချက် သူ့ထံကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာချိန်တွင် သူ့တစ်ကိုယ်လုံး တဆက်ဆက် တုန်ယင်သွားတော့သည်။ ထိုအကြည့်သည် လော့ချုံးရွဲတို့ လေးယောက်ထဲက တစ်ယောက်ထံမှ ဖြစ်တာကို အကြည့်ခံရသူသာ သိပေ၏။

        တည်းခိုဆောင်ပြန်ရောက်တော့ ရှောင်မူချောင်ရဲ့ မျက်လုံးကို ဆေးပတ်တီးတစ်ခုနဲ့ စည်းနှောင်ပေးပြီး ကျင်းယောင်းယွမ်တို့ သူတို့အခန်းဆီ ပြန်လာခဲ့သည်။ သူတို့အားလုံး တိုးတိုးတိတ်တိတ်သာ လုပ်ခဲ့တာကြောင့် တည်းခိုဆောင်က ဘယ်သူမှ သတိမထားမိကြချေ။

System created (Completed)Where stories live. Discover now