💜Part (144)💜

2.2K 250 3
                                    

System created

                      💜144💜

"အားချုံး.... ခဏလေးပဲ တောင့်ထားနော်"

        တိုးဖွဖွလေးဆိုရင်း သိဒ္ဓိစွမ်းအင်တွေကို လက်ဝါးထက်တွင် စုစည်းလိုက်သည်။ ထွက်ပေါ်လာတဲ့ စွမ်းအင်တွေနဲ့ လက်သည်းနဲ့ ထိုးဖောက်ထားတဲ့နေရာကို ဖုံးဖိလေသော် လော့ချုံးရွဲကိုယ်ထဲက နတ်ဆိုးသားရဲသွေးများ နိုးကြွလာ၏။

        အိပ်ငွေ့ချထားလို့ မနိုးနိုင်ပေမယ့် နာကျင်မှုကြောင့် တစ်ချက်တစ်ချက် မျက်မှောင်ကျုံ့ကျုံ့သွားတတ်လေသည်။ လော့ချုံးရွဲကိုယ်ထဲ ရှိနေသော နတ်ဆိုးသားရဲသွေးတွေကို ကျင်းယောင်းယွမ် စုပ်ယူလိုက်၏။

        နတ်ဆိုးသားရဲသွေးဆိုတာ ဟွမ်ကျင်းရွှေကစလို့ လဲ့ကျီသာမက လော့ချုံးရွဲအထိ ဆက်ခံလာခဲ့တာဖြစ်ရာ အပြင်ကို ပြန်ထုတ်ဖို့ဆိုတာက မဖြစ်နိုင်ပေ။ ခက်ခဲသလို နတ်ဆိုးသားရဲသွေး မရှိတော့ရင် ထိုသူဟာလည်း သေသွားလိမ့်မည်။ သို့သော် လော့ချုံးရွဲအတွက်ကတော့ မဟုတ်တော့ပါ။

        သားရဲသွေးတွေအားလုံး စုစည်းရလာသည်နှင့် ကျင်းယောင်းယွမ်သည် သူတို့ကိုကျောပေးထားတဲ့ မိစ္ဆာမလေးရဲ့ကိုယ်ထဲကို ပစ်သွင်းပေးလိုက်လေ၏။ နတ်ဆိုးသားရဲသွေးက အန္တရာယ်များတဲ့ အရာဖြစ်သည်သာမက စွမ်းအားကလည်း ကြီးသည်။

       နတ်ဆိုးသားရဲသွေး ရရှိသွားသော မိစ္ဆာမလေးသည် ကျင်းယောင်းယွမ် နဲ့ လော့ချုံးရွဲကို ဂါဝရပြုကာ သူမကိုယ်ထဲကသွေးကို တည်ငြိမ်အောင်လုပ်ဖို့အတွက် ထွက်သွားလေ၏။ လော့ချုံးရွဲရင်ဘတ်က လက်သည်းပေါက်ရာသည် အစိမ်းရောင်ရင့်ရင့် စွမ်းအင်တွေ စုစည်းလာကာ ဒဏ်ရာကို ကုသပေးသွားခဲ့သည်။

["နတ်ဆိုးသားရဲသွေးကို အောင်မြင်စွာ ထုတ်ယူနိုင်တဲ့အတွက် လူကြီးမင်းကို ပွိုင့်၃၀၀၀ ပေးအပ်ပါသည်.... လူကြီးမင်း၏စုစုပေါင်းပွိုင့် ၄၅၀၀"]

        ကျင်းယောင်းယွမ်တို့ တည်းခိုဆောင်ကို ပြန်ရောက်တော့ မနက်မိုးလင်းခါနီးနေပြီ။ စအိပ်စဥ်ကအတိုင်း ကျင်းယောင်းယွမ် ထိုသူ၏ရင်ခွင်ထဲ ဝင်အိပ်လိုက်သည်။ တစ်စုံတစ်ယောက်ကတော့ ဖြစ်ပျက်သွားတာတွေကို သတိမထားမိဘဲ အိပ်မောကျနေ၏။

System created (Completed)Where stories live. Discover now