💜Part (122)💜

3.1K 315 4
                                    

System created

                      💜122💜

"ဘာဖြစ်လို့လဲ?... မန့်နိုင်ငံတော်က ဘာဖြစ်လို့လဲ "
"ဒီကိစ္စတွေ အကုန်လုံး အဲ့ဒီကောင်နဲ့ သေချာပေါက် ပတ်သက်နေလိမ့်မယ်.... ဟုန်းအာ တောင်ထွတ်ကို ပြန်နှင့် ကိုယ်ချီစန်းဆီ သွားလိုက်မယ်... "

"ဘာဖြစ်လို့လဲ.... "
"ကိုယ်ထင်တာ မမှားဘူးဆိုရင် သိဒ္ဓိမိစ္ဆာရဲ့မူလ ခန္ဓာကိုယ်က မန့်နိုင်ငံတော်မှာ ရှိနေလိမ့်မယ်"

"မင်းပြောတာ သိဒ္ဓိမိစ္ဆာစတင် မွေးဖွားခဲ့တဲ့ သိဒ္ဓိကျောက်လား"
"အမှန်ပဲ "

"ဒါဆို ချဲအိုင်းတို့က အဲ့ဒီကျောက်ကို သွားယူတာများ ဖြစ်နေမလား.... မဖြစ်ဘူး အဲ့ဒီကျောက်သာ ရှာတွေ့သွားရင် ဝိညာဥ်တွေအကုန် ပြန်ပေါင်းစည်းပြီး သိဒ္ဓိမိစ္ဆာလည်း လွတ်သွားလိမ့်မယ်"
"ဟုတ်တယ်.... ပြန်နှင့်နော်"

"အင်း"

        သို့နှင့် စုန်ဟုန်းဟိုင်သည် တိမ်လွှမ်းတောင်ထွတ်ကို တစ်ယောက်တည်း ပြန်လာခဲ့ရသည်။ လဲ့ကျီကတော့ ကြိုးကြားတောင်မြင့်ဂိုဏ်း ရှိရာဘက်သို့ ပျံသန်းသွားလေပြီ။ အရှေ့ပိုင်းနယ်မြေက လူတွေ တကယ်ပဲ သိဒ္ဓိမိစ္ဆာနဲ့ ပတ်သက်နေတာလား သူတွေးရခက်နေသည်။

        ကြိုးကြာတောင်မြင့်ဂိုဏ်းကို ရောက်တော့ သူတို့ဘက်မှာ မိစ္ဆာတွေရဲ့ ထူးထူးခြားခြား အခြေအနေမရှိကြောင်း သိရလေ၏။ သို့ပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုအချိန်မှာပဲ လဲ့ကျီရဲ့သတင်းပေး ငှက်ကလေးတစ်ကောင် ပြန်ရောက်လာသည်။

        ငှက်ကလေးက ကြိုးကြာတောင်မြင့်ဂိုဏ်းနဲ့ ၂မိုင်အကွာတွင်ရှိသော တောအုပ်ထဲတွင် လက်မှုပညာရှင်တစ်ယောက် ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ သတင်းကို ယူဆောင်လာပေး၏။ ကြားပြီးပြီးချင်း လဲ့ကျီသည် ချီစန်းနဲ့ကျင့်ဖုန်းကို ဦးဆောင်၍ ထိုတောအုပ်ဆီကို ပြေးလာခဲ့သည်။

       ငှက်ကလေး ပြောတဲ့အတိုင်းပဲ လူတစ်ယောက်သည် ဓားဒဏ်ရာများနဲ့ လဲကျနေတာ အသက်ငွေ့ငွေ့လေးသာ ကျန်တော့သည်။ လဲ့ကျီ ထိုလူဘေးတွင် ဒူးညွတ်ထိုင်လိုက်ပြီး ဆေးလုံးတစ်လုံးကို ထိုသူ၏ပါးစပ်ထဲ ထည့်ပေးလိုက်၏။

System created (Completed)Where stories live. Discover now