နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

3K 141 3
                                    

အပိုင်း (2)


သားအမိနှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ငိုနေတာကို ကြည့်နေပြီးတော့မှ မျက်နှာကိုမဲ့ပြီးအပိုလုပ်နေတယ်လိုပြောချင်တဲ့ ပုံစံနဲ့.......

"ဟေ့...... မင်းတို့သားအမိ နှစ်ယောက်ငိုနေလို့ သနားပြီး ပိုက်ဆံတွေ လျှော့ပေးလိုက်မယ်လို့တော့ မတွေးနဲ့နော်...... တော်ရုန်တန်ရုံလောက်ပဲ အိုင်တင်လုပ်ပြကြ ငါ့တို့တွေက သနားတက်တဲ့ သူထဲမှာ မပါတော့ ခက်တယ်.......မင်းတို့ကို သနားတဲ့သူရှေ့မှာ ပိုက်ဆံရအောင် ငိုပြလိုက်ကြပေါ့... မနက် ဖြန်ည ပိုက်ဆံတွေကို ပြန်ဆက်ဖို့ပြင်ထားလိုက်ပါ.... မဆက်နိုင်ရင်တော့ ငါ့တို့အဆိုးမစိုးနဲ့..... အပြစ်တင်ချင်ရင်တော့ သေသွားတဲ့ မင်း ယောင်္ကျားကို တင်ပေါ့.......ဟားဟား....."

ရယ်မောပြီး ထွက်ခွာသွားတဲ့ သူတွေကို ကြည့်ပြီးတော့ သူမ ဘာလုပ်ရမလဲ မသိတော့ပေ...... ဒီလောက်ငွေအများကြီးကို ဘယ်မှာသွားရှာရမှာလဲ...... သူမက ဆွေမျိုးလဲမရှိ မိတ်ဆွေလည်း မရှိနဲ့ ဘယ်လိုလုပ်ရမှာလဲ...... သူမတစ်ခုတော့ သ တိရသွားတာက အစ်ကိုရဲ့ အမေကို အကူအညီတောင်းကြည့်ရင်တော့ အဆင်ပြေမယ်ထင်တယ်......

"မားမား စိတ်ညစ်နေတာလာဟင်..... ကျန်ကျန့် ဘာလုပ်ပေးရမလဲဟင် ကျန်ကျန့်လုပ်ပေးမယ်လေ..... ပါးပါးကရော ဘယ်တော့မှ ပြန်လာမှာလဲဟင်...... မားမားစိတ်ညစ်နေတာ ကျန်ကျန့်မကြည့်ရက်ဘူး......"

သားလေးက ငယ်သေတော့ သူမဖြစ်နေတာကို မသိဘူး အ ဖေ ဖြစ်သူဆုံးသွားတာကို သူမ မပြောရသေပေ..... ကလေး အားငယ်သွားမှာ မလိုလားတာကြောင့်လည်းပါတယ်.... သား လေးကို အဖေသေ သွားတာ မရှင်းပြထားတော့ အလုပ်သွားတယ်လို့ပဲ ထင်နေတဲ့ သားလေးကိုကြည့်ပြီး မျက်ရည်ဝဲမိတယ်...... သားပါးသာရှိနေရင် မားတို့ဒီလိုတောင် စိတ်ညစ်ရမှာ မဟုတ်ဘူးကလေးရယ်..... ခုတော့ ထွက်သွားတဲ့သူကို အပြစ်တင်တာ မဟုတ်ပေမဲ့ တမ်းတပြီးတော့ ပြောချင်မိတာပါ အစ်ကိုရယ်......

"မကြာခင် သားပါးပါး ပြန်လာလိမ့်မယ်နော်....... လာမားမားတို့ သားရဲ့ ဖွားဖွားဆီသွားကြမယ်နော်..... မားမားဘာမှ မဖြစ်ဘူးနော်...... စိတ်မပူနဲ့ကြားလား မားတို့ ဒီကိစ္စတွေကို ဖြေရှင်းနိုင်မှာပါ သားရယ်....."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now