နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.7K 52 0
                                        

အပိုင်း (99)

ရှောင်ကျန့် ပြောရင်းနဲ့ မျက်ရည်လေးတွေကျနေတာကို Yi boက တယုတယနဲ့ ဂရုတစိုက်သုတ်ပေးရင်းနဲ့ သူ့ယုန်လေးရဲ့ နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်ပြီးတော့ ရယ်လိုက်ပြီး....

"ကိုယ်ရဲ့ကလေးလေးက မဟုတ်တာတွေ လျှောက်တွေးမနေနဲ့ ကိုယ်မင်းကို ချစ်တာ ခဏတာအတွက်ပါမဟုတ်ဘူး... တစ် သက်လုံးအတွက်ရည်ရွယ်ပြီးချစ်တာ... ဒီဘဝတစ်ခုထဲအ တွက်မဟုတ်ဘူး ဘဝအဆက်ဆက် သံသာရာ မဆုံးသရွေ့ကိုယ်မင်းကို ချစ်တယ် ယုန်လေးရဲ့... နောက်နောင် ဒီအတွေး မျိုးလုံးဝခေါင်းထဲမှာ မတွေးရဘူးနော်သိလား... မင်းကကိုယ် ဘဝအတွက် ပထမဦးဆုံးနဲ့ နောက်ဆုံးချစ်ရတဲ့ သူပဲ... ကိုယ်ချစ်တာမင်းတစ်ယောက်ထဲအတွက်ပဲ သိလားယုန်လေးရဲ့.... မငိုနဲ့တော့နော် ကိုယ်ကို ယုံတယ်မလားကလေးလေးရဲ့ကလေး မှ တကယ့်ကလေးလေးကွာ.... အရမ်းချစ်ဖို့ကောင်းလိုက်တာ..."

"အွန့်... ဘာကလေးလဲ ငါက ကလေးမဟုတ်တော့ဘူး မင်းထက်ကြီးတယ်သိလား... ဒါပေမဲ့ ငါမင်းကို ယုံကြည်တယ်.... မင်းပြောသမျှစကားတိုင်ကို ချွင်းချက်မရှိ တစ်ဘဝစာအ တွက် ယုံတယ်.... ငါလေ မင်းငါ့ဆီကနေပြေးသွားမှာစိုးလို့လေ.... ငါက မင်းထက်လည်း အသက်ကြီးတယ်လေ.... ငါလည်းမင်းကို အရမ်းချစ်တယ်သိလား ဘယ်တော့မှ မရိုးနိုင်တဲ့ ချစ်ခြင်းတွေနဲ့ပေါ့.... ငါကို အများကြီးချစ်ပေးနော် မင်းအပေါ်အရမ်းဆိုးလို့ စိတ်မပျက်သွားနဲ့နော်...."

"အင်း...ဟော့ဒီက ယုန်ကလေးကြိုက်သလောက်ဆိုး ဆိုးသမျှကိုယ်ခံမယ်.... ဘယ်တော့မှ မပြစ်သွားဘူး ပြီးတော့ ဟောဒီကယုန်ကလေးကို အသက်ကြီးတယ်လို့ ဘယ်သူပြောလဲ.... ကိုယ်မျက်လုံးထဲမှာတော့ အမြဲတမ်းမင်းက ကလေးလေးပဲ... နောက်တစ်ခါ လျှောက်ပြီးမတွေးရဘူးနော်... ကိုယ်မင်းကို ပြစရာရှိတယ်.... ကိုယ်တို့သွားကြရအောင် တခြားသူတွေ အကြာကြီးစောင့်နေရတာ အားနာစရာကြီး...."

သူပြောတာကို နားမလည်သလို ကြည့်နေတဲ့ ယုန်လေးကို ကြည့်ပြီးတော့ သူထပ်ပြီးပြုံးလိုက်ပြီးတော့ ခန္ဓာကိုယ်လေးကို ပွေ့လိုက်တာကြောင့်...

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now