နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.2K 61 2
                                    

အပိုင်း (98)

"ရှောင်ကျန့် မင်း Yiboကို အရမ်းချစ်လား.... သူကိုချစ်မိတာကို နောင်တရတာရောရှိခဲ့လား.... သူကို တစ်သက်လုံးချစ်သွားနိုင်မယ်လို့ ယုံကြည်ချက်ရှိလား မင်းတစ်ယောက်ထဲချစ်နေရုံနဲ့ မပြီးသေးဘူး....သူကရော မင်းချစ်သလို ချစ်နိုင်မယ်ထင်နေလား....."

ကျူးသောက်ချန်း ရှောင်ကျန့်မျက်နှာလေးကိုကြည့်ပြီး မေးမိတယ်... ဖြေစရာမလိုပဲ အဖြေရှိနေတာပေမဲ့ ရှောင်ကျန့်ကိုယ် တိုင်ပြောတာသူကြားချင်သေးတာကြောင့် သူမေးမိတယ်.... ရှောင်ကျန့်က ခေါင်ငုံနေရာကနေ သူကို မော့ကြည့်ပြီးတော့...

"ကျွန်တော် Yiboကိုအရမ်းချစ်တယ်... ရင်ထဲမှာ ပြောမပြတက်အောင်ကို ချစ်တယ်.... တစ်သက်လုံးစာအတွက်ချစ်တယ်... သူကိုချစ်ရတဲ့အတွက် ကျွန်တော်ဘယ်တော့မှ နောင် တရမှာမဟုတ်ဘူး....... Yiboကိုလည်း ကျွန်တောယုံကြည်တယ်... သူလည်းကျွန်တော်လိုပဲ ကျွန်တော်နဲ့ ထပ်တူခံစားနေရမယ်လို့ ထင်တယ်....."

ရှောင်ကျန့်က Yiboကိုချစ်တယ်ဆိုတဲ့ စကားကို မဆိုင်းမတွဖြေတဲ့အပြင် Yiboအကြောင်းပြောလိုက်တဲ့အချိန်မှာ မျက်ဝန်းလေးတွေ တောက်သွားတာကိုတွေ့နေရတယ်... ဒါ ပေမဲ့ သူရှောင်ကျန့် နှုတ်ကဖြေတာကြားချင်တာကြောင့် မေးလိုက်တာဖြစ်သည် အဲ့ဒီအတွက်နောင်တရမှာမဟုတ်ဘူး မမေးမိလိုက်ရင်တော့ သူနောင်တရလိမ့်မယ်လို့ထင်တယ်.... Wang Yiboကို ချစ်တယ်လို့ ပြောလာတော့ သူရင်ထဲအောင့်မိတာအမှန်ပေ... ဒါပေမဲ့လည်း အရင်းကသူအချစ်က အတ္တအရမ်းကြီးကောင်းကြီးလိမ့်မယ်.... အချိန်ကြာလာတာနဲ့ အမျှ ရှောင်ကျန့်ကို ချစ်လာလေလေ ရှောင်ကျန့်ပျော်နေတာကို တွေ့ချင်လာမိတယ်... ရှောင်ကျန့်ပြုံးနေရင်တောင် သူခံစားရတာတန်ပါတယ်... သူပြုံးပြီးတော့

"ရှောင်ကျန့် မင်းပျော်ရွှင်နေတာတွေ့တော့ အရမ်းဝမ်းသာတယ် သိလား ကဲရောက်ပြီ ရှောင်ကျန့်ကိုယ် မင်းကိုဒီအထိပဲ လိုက် ပို့လိုက်တော့မယ်နော်.... အထဲကို ကိုယ်ဘာသာပဲ သွားလိုက်နော်.... အရမ်းကြီး မစိုးရိမ်ပါနဲ့ Yiboအရမ်းအဆိုးကြီးမဟုတ်ဘူး.... မင်းတို့နှစ်ယောက်ရဲ့ ချစ်လမ်းခရီးဖြောင့်ဖြူးကြပါစေလို့ ကိုယ်ဆုတောင်းလိုက်တယ်နော်... "

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now