နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.3K 86 4
                                    

အပိုင်း (45)

နူညံလှတဲ့ မွေယာလေးရဲ့ အထိအတွေကို သူအသိဝင်လာတာနဲ့ စတင်ခံစားလာမိတော့တယ်..... သူအခု အိပ်ယာတစ်ခုပေါ်ရောက်နေတာပဲ... သတိရလာလာချင်း သူ မထနိုင်သေပဲ မျက်လုံးလေးကို ဖွင့်မိတယ်.... ခေါင်းတွေအရမ်းကိုင်နေတာကြောင့် သူရုတ်တရက်ထလို့မရပေ.... သူခနလောက်ငြိမ်နေပြီးတော့မှ ထလိုက်ပြီး ဝန်းကျင်ကို အကဲခတ်မိလိုက်တော့တယ်.... ကျယ်ဝန်းလှတဲ့ အခန်းကြီးကို စတင်တွေ့ရတယ် သူရောက်နေတဲ့ အခန်းကတင် ကျင်းအိမ်တော်ရဲ့ ဧည့်ခန်းလေးငါးခန်းစာလောက်ကျယ်ဝန်းပေမဲ့ အခန်းထဲမှာတော့ သူအခု အိပ်နေတဲ့ ကုတင်တစ်လုံးရယ် စာရေးစားပွဲခုံရှည်တစ်ခုနဲ့ ယောင်္ကျားလေးဝတ် တန်ဖိုးကြီးအဝတ်မျိုးစုံ နာရီမျိုးစုံ ဖိနပ်မျိုးစုံကို တွေ့ရပေသည်..... အခန်းထဲမှ လေးအေးပေးစက်ဖွင့်ထားတာကြောင့် တစ်ခန်းလုံးအေးစက်နေတော့တယ်.... ပြတင်ပေါက်ရှိပေမဲ့ ပြတင်းတစ်ခုလုံးကို မှန်ဖြင့် အပြည့်ပိတ်ထားတာကို မြင်နေရတယ် အပြင်ဘက်မှာတော့ မှောင်ရိပ်သန်းနေပေပြီ....

"ဟင်.... မှောင်တောင်နေပြီ ငါ.....ဘယ်နေရာရောက်နေတာလဲ နောက်ဆုံးTaxiပေါ်ရောက်ပြီးတော့ ငါ အိပ်ပျော်သွားတယ်.... အဲ့ဒီနောက်ပိုင်းကိစ္စတွေကို ငါဘာမှမမှတ်မိတော့ဘူး.... အခု ဘယ်ရောက်နေတာလဲ ငါ.....ငါ... ဘယ်နေရာရောက်နေတာလဲ..... သူဖုန်းကို ရှာကြည့်ပေမဲ့ ဖုန်းနဲ့ တူတာ တစ်ခုမှ မရှိပေ..... "

သူတွေးနေရင်းကနေ ကုတင်ပေါ်ကနေ ခြေထောက်လေးချပြီး ဆင်းလိုက်တော့ ခြုံထားတဲ့ စောင်လေးကွာကျသွားတော့ သူဝတ်ထားတဲ့ အဝတ်အစားတွေ မဟုတ်ပဲ ညဝတ်အင်္ကျီတွေဖြစ်နေတာကြောင့်...

"ဟင်.....ဒါဘယ်သူအဝတ်အစားတွေလဲ ငါရဲ့ အဝတ်အစားတွေက ဘယ်ရောက်သွားတာလဲ.... ငါ့ ကားသမားကို လိပ်စာပေးလိုက်တာဆိုတော့...... ကားသမားက သူကိုပို့ပေးခဲ့တာလား... အခု သူရောက်နေတဲ့ အိမ်ကဘယ်သူအိမ်လဲ..... အ ဖွားက ဘယ်သူဆီကို ပစ္စည်းတွေပို့ခိုင်းတာလဲ..... ဘယ်သူပဲ ဖြစ်ဖြစ် သူပြန်ရမယ် အိမ်ပြန်မှ ဖြစ်မယ်....."

ကုတင်လေးပေါ်ကဆင်းပြီး မတ်တပ်ရပ်လိုက်ကာရှောင်ကျန့် ပိတ်ထားတဲ့ အခန်းတံခါးကို ဖွင့်ပြီးအပြင်ထွက်ဖို့လုပ်ပေမဲ့.... တံခါးက ဖွင့်လို့မရပေ.... အကြိမ်ကြမ်ဖွင့်ပေမဲ့ တံခါးက မလှုပ်တာကြောင့်.....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now