နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.1K 69 8
                                    

အပိုင်း (72)

ကားလေးရပ်သွားတာနဲ့ ရှောင်ကျန့် Yiboကို မစောင့်ပဲ အိမ်ထဲ တန်းပြီး ဝင်လာခဲ့လိုက်တယ်.... Yibo ကတော့ကားပေါ်ကနေ ဆင်းသွားတဲ့ ယုန်ဆိုးလေးကိုကြည့်ပြီး ရယ်နေတော့တယ်... သူနားကနေရှောင်ကျန့်ကို အလွယ်လေးလွှတ်ပေးလိုက်ရလောက်အောင် သူမတုံးသေးဘူးလေ.... သူဒီလူသားလေးကို လိုချင်လွန်းလို့ ရအောင်ယူထားတာလေ... သူလည်း ကားပေါ်ကဆင်ပြီးနောက်ကလိုက်လာတော့တယ်... သူ အ ခန်းထဲဝင်တဲ့ အထိလုံးဝ သူကိုစကားမပြောပဲ အဝတ်အစားတွေ ထည့်နေတဲ့ ယုန်လေးကြောင့်....

"ရှောင်ကျန့် ဘာဖြစ်နေတာလဲ.... ခင်ဗျားဘယ်မှ သွားလို့မရဘူးလို့ပြောထားတယ်နော်... အခု ပစ္စည်တွေ သူနေရာသူ
ပြန်ချထားလိုက်နော်... ကျွန်တော်ကို သွေးဆိုးအောင်လုပ်နေတာလားရှောင်ကျန့်...."

သူကို စိတ်ဆိုးနေတာကို သိရဲ့သားနဲ့ မချော့တဲ့အပြင် အမိန့်တွေပေးနေတဲ့ Yiboကြောင့်....

"ဘာမှမဖြစ်ဘူး... ငါမားနဲ့ အတူသွားပြီးနေမယ်... မင်းငါ့ကို ဖိန်းပိငယ်နဲ့ ကြိုက်နေတယ်လို့ ထင်နေတယ်မလား.... အဲ့ဒီလိုပဲ တွေးထားလိုက်တော့.... ငါ မင်းနဲ့ စကားမပြောချင်ဘူး ငါကိုဂရုမစိုက်နဲ့... ငါထွက်သွားတော့ မင်းအတွက်ပိုပြီး အလုပ်မရှုပ်တော့ဘူးပေါ့.... မင်းကိုလည်း ဒုက္ခမပေးချင်တော့ဘူး မားကို ဆေးကုပေးတဲ့ စရိတ်တွေ ငါနောက်မှပဲ ပြန်ဆက်ပါမယ်.... ငါမင်းရဲ့ အရုပ်မလုပ်ချင်ဘူး မင်းနဲ့အတူတူမနေချင်တော့ဘူး... မင်းငါ့မားအတွက် စိုက်ပေးထားတဲ့ ငွေတွေ မဆုံးစေရဘူး... ဒါပေမဲ့ အချိန်ခဏလောက် စောင့်ပေးစေချင်တယ်...."

Yiboငါမင်းနားက မထွက်သွားချင်ပါဘူး.... ငါရင်တ်ထဲမှာ မင်းကြောင့်အရမ်းနာကျင်ရတယ်... ငါထပ်ပြီး မခံစားချင်တော့ဘူး.... မင်းကိုအဝေးကပဲ ချစ်ပါရစေ.... ဒါကိုတော့ သူစိတ်ထဲကပြောလိုက်တာ ဖြစ်သည်... သူYiboကိုပြောပြီးသေတ္တာသေးသေးလေးကို ဆွဲပြီးလှည့်ထွက်သွားတဲ့ ရှောင်ကျန့်ကြောင့်...

"အား..... ခေါင်းကိုက်လိုက်တာ...."

Yiboခေါင်းကို ကိုင်ပြီး မျက်နှာလေးရှုပ်မဲ့ပြီး ကုတင်ပေါ်ကို ထိုင်ချပြီး ညည်းညူလိုက်တော့တယ်.... Yiboရဲ့ အသံကြောင့် ရှောင်ကျန့်ခြေလှမ်းလေးတွေ ရပ်သွားပြီးတော့...

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now