နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1.8K 94 2
                                        

အပိုင်း (20)

Yibo Wangသူရဲ့ ယုန်လေးအိမ်ကနေ အိမ်တော်သို ပြန်ရောက်လာတော့ ဧည့်ခန်းလေးမှာ သူကိုထိုင်စောင့်နေတဲ့ ဒယ်ဒီကို တွေ့တာကြောင့်......

"ဒယ်ဒီ မအိပ်သေးဘူးလား.... မိုးအရမ်းချုပ်နေပြီဟာကို အိပ်တော့တာမဟုတ်ဘူး....ကျွန်တော်ရဲ့ အဖြေကို စောင့်နေတာလား......."

"ဟုတ်တယ်သား.....မင်းက ပြေးနေတော့လည်း မင်းပြန်လာမဲ့ အချိန်ကို ဒယ်ဒီက စောင့်နေရတာပေါ့..... ကဲ မင်းကို မေးထားတဲ့ အဖြေကိုပေးနိုင်မယ်လို့ ယုံကြည်တယ်သား.... ဒယ်ဒီမေးထားတာလေ ဘာကိုရွေးချယ်လဲဆိုတာကို သားဆုံး ဖြတ်ပြီးလောက်ပြီမလား......"

သူကိုမျှော်လင့်တကြီးမေးနေလာတဲ့ ဒယ်ဒီရဲ့ စကားကြောင့်သူဒယ်ဒီရှေ့မှာ ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီးတော့ တည်တည်ငြိမ်ငြမ်ဖြင့်ပင် ဒယ်ဒီကိုကြည့်ပြီးတော့.....

"ကျွန်တော် ဒယ်ဒီပြောတာကို သားတစ်ခုမှ လက်မခံနိုင်ဘူး ဒယ်ဒီ.... ဒါပေမဲ့ ကျွန်တော်မှာ ဒယ်ဒီကိုကျေနပ်စေမဲ့ အဖြေမျိုး ပြောစရာရှိတယ်...... ကျွန်တော် အလုပ်လုပ်မယ်ဒယ်ဒီ..... ဒါပေမဲ့ ကျွန်တော်လုပ်တဲ့ အလုပ်ကWang အိမ်ရဲ့ လုပ်ငန်းတွေမှာ မလုပ်နိုင်ဘူး.... ကျွန်တော် အသစ်ထောင် ထားတဲ့ တော်ဝင်ကုမ္ပဏီမှာပဲ လုပ်မယ် ဒါကိုတော့ ဒယ်ဒီလက်ခံပေးရမယ်....."

သားဖြစ်သူပြောလာတဲ့ စကားကြောင့် Wang သခင်ကြီးမျက်နှာ ဝင်းပသွားပြီးတော့မှ......

"ဒယ်ဒီ သဘောတူကျေနပ်တယ်သား....တော်ဝင်ကုမ္ပဏီက တရုတ်မှာ နံပါတ်သုံးနေရာမှာ ရှိနေတာပဲ......... သားတည် ထောင်တဲ့ ကုမ္ပဏီက ဒီလောက်ထိ အောင်မြင်နေမယ်လို့ မထင်ထားဘူး.... ဘာပဲဖြစ်ဖြစ် ဒယ်ဒီအရမ်း ကျေနပ်အားရတယ်..... သားကုမ္ပဏီအတွက် ဘာလိုအပ်လဲ.... ရင်းအနှီးဘယ်လောက်လိုသေးလဲ ဒယ်ဒီအကုန်ဖြည့်စည်းပေးမယ်သား..... လိုအပ်သမျှ သားကိုအကုန်ထုတ်ပေးမယ်....သားလိုသလောက်တောင်းလိုက်စမ်းပါ...."

သူကုမ္ပဏီကြီး အောင်မြင်နေတာကို အရမ်းဂုဏ်ယူနေမှန်း ဒယ်ဒီရဲ့ အပြုအမူတွေက ပြောပြနေပါတယ်..... Yibo ဒယ်ဒီရဲ့ စကားကြားတော့......

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now