နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.2K 69 7
                                        

အပိုင်း (62)

မားရှိနေတဲ့ အခန်းလေးရှေ့ရောက်တော့ ရှောင်ကျန့် ဆေးရုံးအခန်းတံခါးလေးကို အမြန်ဖွင့်ပြီးတော့ ဝင်လိုက်မိတော့တယ်... ကုတင်ပေါ်မှာ ဆေးပိုက်တွေတန်လန်းနဲ့ အိပ်စက်နေတဲ့ မားကိုတွေ့လိုက်တာကြောင့် ရင်နစ်သွားမိတယ်.... မားရဲ့ ကုတင်ဘေးမှာ သူဝင်ထိုင်လိုက်ပြီးတော့ မားရဲ့လက်ကလေးကို ထွေးဆုတ်လိုက်မိတယ်... ချောင်ကျနေတဲ့ မားရဲ့ လက်ကလေးတွေကို ကြည့်ပြီး သူမျက်ရည်ကျမိတော့တယ်.... ဆိုနစ်ကြေ ကွဲသော ရင်အစုံဖြင့်သူ ခေါ်လိုက်မိတာက....

"မား....မားရေ... ကျန်ကျန့်ရောက်လာပြီလေ... နောက်ကျမှ မားဆီကို ရောက်လာတဲ့ ကျန်ကျန့်ကို ထပြီးဆူပါလားဟင်.... မားရဲ့... အင့်... မား ဒုက္ခရောက်နေတဲ့ အချိန်မှာ သားက
မားနဲ့ အတူတူရှိမနေပေးခဲ့မိတာအတွက် ကျန်ကျန့် တောင်ပန်းပါတယ်နော်..... သားကို ခွင့်လွှတ်တယ်လို့ ပြန်ပြီး ပြောပေးပါလားမားရယ်....အင့်.... မားကို အရမ်းချစ်တယ်နော် သားရဲ့အမေအရင်းမဟုတ်ပေမဲ့ သားမားကိုအရမ်းချစ်တယ်နော် သားဆီပြန်လာပေးပါနော်.... ကျန်ကျန့်ကိုမတွေ့ချင်လို့ဆိုပြီး ပြန်မလာဘဲမနေပါနဲ့နော်...."

ရှိုက်သံလေးသာထွက်ပြီး မျက်ရည်တွေကျနေတဲ့ သူရဲ့ ယုန်လေးကို ကြည့်ပြီး Yiboသနားလာမိတယ်... ကြည့်ရင်းနဲ့ သူ မခံစားနိုင်တော့တာကြောင့် ငိုနေတဲ့ ယုန်လေးရဲ့ ပခုံးပေါ်လက်တင်ရင်း အားပေးသလို ဆုတ်ကိုင်လိုက်ပြီးမှ.....

"ရှောင်ကျန့်.... ငိုချလိုက် စိတ်ကို တင်းမထားနဲ့ မားက မင်းကို အပြစ်တင်မှာ မဟုတ်ဘူး.... မားက မင်းကို အရမ်းချစ်တာကြောင့် လုံးဝစိတ်ဆိုးနေမှာ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်... အဲ့ဒီလို မငိုနဲ့ အသံထွက်ပြီး ငိုချလိုက်နော်... မားက အရမ်းပင်ပန်းနေလို့ ခဏလေးအိပ်နေတာပြီးရင် မင်းဆီကိုပြန်လာမှာပါ ရှောင်ကျန့်ရဲ့..."

Yibo ယုန်လေးကို နာဝင်အောင် ပြောမိတယ်... ယုန်လေးက Yiboကို မျက်ရည်ဝဲနေတဲ့ မျက်လုံးလေးနဲ့မော့ကြည့်လာပြီးတော့.....

"မားကို ကျွန်တော် စကားတွေ အများကြီးပြောချင်သေးတယ် Yibo... မားကိုပြောချင်သေးတယ် သူနိုးလာမှာပါနော်... သူမ ကျွန်တော်ဆီကို နောက်တစ်ခေါက် ပြန်လာမှာပါနော် Yibo.... ကျွန်တော်ဆီ မားပြန်မလာမှာ ကြောက်မိတယ် ..... အဲ့ဒီလိုတွေးလိုက်တိုင် ကျွန်တော်ရင်ထဲ နာကျင်ရတယ်....အင့်... "

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now