အပိုင်း (3)
အဘွားဖြစ်သူက မြေးအပေါ် ကြင်နာချင်မရှိတဲ့ အပြင်ဘာမှ နားမလဲတဲ့ ကလေးကို မညှာမတာပြောနေတဲ့ မိန်းမကြီးကိုယောက္ခမဆိုပြီးတော့လဲ သူမမရိုသေနိုင်တော့ပေ..... အစ်ကို ညီမကို ခွင့်လွှတ်ပါတော့ အရမ်းလွန်းတဲ့ အစ်ကိုအမေကို ရင်ထဲက စကားတွေ ပြောခွင့်ပြုပါတော့ အစ်ကိုရယ်.....
"ဒီမှာ လူကြီးက လူကြီးစကားပြောနော်......ကျွန်မကို မနိုင်လို့ ကလေးကို မမဲပါနဲ့..... ဒီလောက်ပစ္စည်းတွေ အများကြီး အစ်ကို ထောက်ပံ့ထားတာကို လောဘကြီးနေတာကို ကြီးတယ်လို့ပြောစမ်းပါ.......... ကလေးကို အပြစ်ပုံချပြီး ပြော
မနေပါနဲ့ရှင့်...... ကျွန်မသားကို မထိနဲ့ စကားနဲ့တောင်ပြောတာ မခံနိုင်ဘူး....... ကျွန်မ သားကိုနောက်တစ်ခါ ချိုးနှိမ်းပြီးမပြောနဲ့ ပြောရင်ကျွန်မ အသက်နဲ့ လဲပစ်မယ်..... အပိုပြောတယ်လို့ မထင်နဲ့ မိခင်တစ်ယောက်က သူ့ရဲ့ သားသမီးအတွက် အကုန်လုပ်ရဲတယ်... ဒါယောက္ခမဖြစ်ခဲ့ဖူးလို့ စကားနဲ့ သတိပေးတာ တခြားသူဆိုရင် ဒီနေရာမှာ အသက် ထွက် သွားအောင် လုပ်ပြစ်မှာ....."
သူမတို့ လူကြီးတွေ ရန်ဖြစ်နေတာကို ကြည်ပြီးတော့ ဘာမှ ဝင်မပြောပဲ မျက်ရည်ကျနေတဲ့ ကလေးငယ်ကို ကြည့်ပြီး သ နားလို့ မျက်ရည်တောင်ကျမိတယ်.....
"သနားစရာကောင်းလိုက်တဲ့ သားလေးရယ် မားမား သားကို သနားလို့ ဘယ်လိုလုပ်ပေးရမလဲမသိတော့ပါဘူးကွယ်......"
ခေါင်းလေးကို ပွတ်ပြီး ပြောနေမိတယ်..... ယောက္ခမကတော့ကလေးကို သနားရမှန်းလည်းမသိပေ....
"နင့်ကများ ငါ့ကို ပြန်ပြီး ချိန်းခြောက်နေရသေးတယ်..... ငါ့က ပြောသင့်တာကို ပြောထားတာ နောင်တချိန် အဘွားဆိုပြီးတော့.... နင့်ကလေးက ငါ့ဆီကနေ အမွေတွေလာ တောင်းပြီး ပတ်သတ်နေမှာဆိုးလို့ တစ်ခါတည်းပြော ထားတာ အခုရှုပ်မှ နောင်ရှင်းဆိုသလိုပဲ..... နင့်သားကို ငါ့က ငါ့မြေးအဖြစ်သတ် မှတ်မှာ မဟုတ်ဘူး..... အကြွေးတွေကိုလည်း နင့်တို့ ဘာသာ ဆပ်ကြ ငါ့တို့ အိမ်ကိုလာပြီး မပတ်သတ်ကြနဲ့.... ငါ့သားသာငါ့ပေးစားတဲ့ မိန်းကလေးကို ယူရင် ဒီလို ကိုယ်ဘာသာ သတ်သေတယ်ဆိုတာတောင်မရှိလောက်ဘူး.... နင့်တို့ တော်တော် ဒုက္ခပေးလို့ သေတာဖြစ်မယ်...... ငါ့သားသေတာ နင့်တို့ကြောင့် သိရဲ့လား....... မျိုးရိုးမကောင်းတဲ့ မိန်းမ..... နင့်က မွေးလာတဲ့ ကလေးလဲ ဒီလိုမကောင်းတဲ့ သွေးတွေ စီးဆင်နေမှာပဲ....... ငါ့အရမ်းရွံ့တယ်....... သွားထွက်သွား ငါ့အိမ်ကို နောက်ဘယ်တော့မှ မလာနဲ့.......အိမ်ရဲ့ အရိပ်တောင်လာပြီး မနင်းနဲ့.... နင့်တို့ကို မမြင်ချင်ဘူး....... အတူတူရပ်ပြီး စကားပြောနေတာတောင် ကျက်သရေယုတ်တာတွေ ငါ့ဆီကူးလာ လိမ့်မယ်ဟယ်...... ပြန်ကြစမ်းပါ ငါ့အသက်ကြီးနေပြီး ငါ့ကို လာပြီး ဒုက္ခမပေးနဲ့တော့....."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Фанфикшнမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...
