နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1.1K 64 1
                                    

အပိုင်း(76)

ဒေါသထွက်နေတဲ့ ထိုက်လျာကို ကျင်းလန်ဖုန်းက ဖြောင်းဖြလိုက်ပြီးတော့ ထိုင်ခုံလေးမှာ ပြန်ပြီး ထိုင်စေလိုက်ပြီးတော့မှ ဘေးပတ်ဝန်းကျင်ကို တစ်ချက်အကဲခက်သလို ကြည့်လိုက်ပြီးမှ....

"Yiboကို နိုင်တဲ့သူတစ်ယောက်မှ မရှိတော့ဘူးလား.... Yi boအဖေကလည်း သူသားကို ဆုံးမမဲ့သူမဟုတ်ဘူးလေ .... ဒါကြောင့်သူကို ဆုံးမနိုင်တဲ့သူရှိရင် အဆင်ပြေလိမ့်မယ်လို့ ထင်တယ်နော်...."

အခု ရှောင်ကျန်အမေရင်းဆိုပြီးပေါ်လာတဲ့ကိစ္စကလည်း သူမတို့ရဲ့ အကြံဖြစ် သည်.... အရင်တစ်ခါက ကျန်းထိုက်လျာက သူငယ်ချင်းတစ်ယောက်နဲ့ဆိုင်တစ်ဆိုင်မှာ ထိုင်ရင်းကနေ... သူမတို့နောက်က စားပွဲ ကနေ အသံထွက်လာတာကြောင့် စိတ်ဝင်စားပြီးနား ထောင်မိတာ ဖြစ်သည်.... အထူးသဖြင့် ထိုစားပွဲဝိုင်းက ရှောင်ကျန့်ဆိုတဲ့ ကောင်လေးအကြောင်း ပြောနေတာကြောင့် ပိုပြီး နား ထောင်နေတာဖြစ်သည်... ကြည့်ရတာ စကားပြောပုံအရဆိုရင် ရှောင်ကျန့်အဖွားဆိုသူဖြစ်လောက်မယ်ထင်တယ်... နောက် တစ်ယောက်ကတော့ ကျူးသခင်လေးဖြစ်မဲ့ပုံပဲပင် သူတို့စကားတွေကြောင့် ရှောင်ကျန့်က မိဘမရှိတာကို သိခဲ့တာဖြစ်သည်... အခုသူနဲ့ အတူရှိနေတဲ့ မိဘတွေက အရင်းတွေ မဟုတ်ဘူးဆိုတာ သိခဲ့တာဖြစ် သည်... အခုလည်း အဖေအမေပုံစံနဲ့ ရှောင်ကျန့်ကို လိမ်ပြီး Yiboနားကနေ ရှောင်ကျန့်ကို ခေါ်ထုတ်သွားနိုင်အောင် ကြံလိုက်တာဖြစ် သည်... အခုတော့ သူမတို့ အကြံအစည်က တော့ ရေစုန်မျှော်သွားပြီ... သူမတွေးနေစဥ်မှာပဲ ကျန်းထိုက်လျာက မျက်နှာပေါ်မှာ ကျေနပ်တဲ့ အမူအယာကိုတွေ့လိုက်တာကြောင့်....

"ဘယ်လိုလဲ ထိုက်လျာ ဘာအကြံတွေ ရသွားပြီးလဲဟင်.... "

သူမက ကျင်းလန်ဖုန်းကိုငြိမ့်ပြပြီးတော့ သူမရဲ့အကြံကို ကျေနပ်အားရသလို​ရယ်ရင်းကနေ.....

"ဟင်းဟင်း... ဒီတစ်ခေါက်တော့ ရှောင်ကျန့် အိမ်ပေါ်က ဆင်းရတော့မယ်... Yiboလည်း ဘာမှ ဝင်ပြောနိုင်တော့မှာ မဟုတ်ဘူး.... ဒါအပြင် Yiboကငါကိုပါ မငြင်းနိုင်တော့ပဲ လက်ထပ်ရလိမ့်မယ်.... အခုလောလောဆယ်တော့ ငြိမ်နေကြမယ် အဲ့ဒါမှ Yiboက ဘာမှမဖြစ်တော့ဘူးဆိုပြီး ရှောင်ကျန့်ကိစ္စအာရုံမရောက်တော့မှာ အဲ့ဒီတော့မှ ဝင်ကြတာပေါ့....."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now