နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.1K 60 5
                                        

အပိုင်း (89)


သူအတွက်နဲ့ တောင်ပန်းပြီး ပြောလာတဲ့ Wang သခင်မကြီးကြောင့် ရှောင်ကျန့်မျက်ရည်ဝဲမိတယ်... သူလိုအဆင်အ တန်းမျိုးကို တင်တောင်းနေတဲ့ Wang Yiboရဲ့ အဘွားကို ငေးကြည့်နေမိတယ်... သူကို အလေးထားပေးတာကြောင့် ဝမ်းသာကြည်နူမိတယ်.... သူ နှုတ်ကတော့ ဘာပြောရမလဲတောင် မသိတာကြောင့် ငြိမ်ပြီးကြည့်နေမိတယ်.... Yibo ကတော့ အဘွားပြောတာကို လက်ခံတဲ့ ပုံစံမျိုးနဲ့ ငြိမ်နေတာကို တွေ့ရတယ်.... သူခိုကြည့်နေတုန်း Yiboက သူကိုလှမ်းကြည့်တာနဲ့ ဆုံသွားတာကြောင့် မျက်လုံအမြန်လွှဲလိုက်မိတယ်... သူရင်တွေအရမ်းခုန်နေတာကို လည်းသိတယ်... ကိုယ်ရဲ့ ရင်ခုန်သံတွေက အရမ်းကျယ်လွန်းနေတာကြောင့် ဘေးလူတွေကြားမှာတောင် စိုးနေရတော့တယ်.....

"အန်ကယ်နဲ့ မားကို ကျွန်တော်လေးစားပါတယ်... ဒါပေမဲ့ ကျန်ကျန့်ကို ကျွန်တော်ဆီက ပြန်ခေါ်သွားမဲ့ စကားကလွဲဲပြီး ကြိုက်တာကို ပြောလို့ရပါတယ်... ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုကို လိုချင်ရင်တောင်ပေးနိုင်ပါတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော်ဆီကနေ ကျန်ကျန့်လေးကို မခေါ်သွာပါနဲ့... သူမရှိရင် ကျွန်တော် သေသွားမလားတောင် မသိဘူး..."

သူစကားကြောင့် တစ်ချိန်လုံးငြိမ်နေတဲ့ ရှောင်ကျန့်မားက...

"မဟုတ်တာ သားYiboရယ် သား​လေးရဲ့ စိတ်ကို မားသိပြီးသားပါ... မားရဲ့ကျန်ကျန့်လေးအပေါ်မှာထားတဲ့ သားမေတ္တာကို မားက သိပြီးသားဖြစ်တာကြောင့် မားကတော့ သားလေးရှောင်ကျန့်အတွက် စိတ်အေးရပါတယ်... ဒါပေမဲ့ ကျန်းသ ခင်ကြီးကရော ကျွန်မရဲ့သားလေးကျန်ကျန့်အပေါ်မှာ ထားတဲ့ ဆုံးဖြတ်ချင်ကို ပြောခွင့်ရှိရဲ့လားမသိပေမဲ့ အရဲစွန့်ပြီးပြောပါစေ.... Yiboလေးက သားလေးကို အရမ်းချစ်တာကြောင့် ကျွန်မကတော့ လက်ခံပေးစေချင်ပါတယ်...."

ရှောင်ကတော်က ကျန်းသခင်ကြီးကိုပါ ရိုသေစွာ ပြောလာတာကြောင့် ကျန်းသခင်ကြီးက ပြာပြာသလဲနဲ့....

"မဟုတ်တာ ရှောင်ကတော်ရဲ့ အမက သားလေးအတွက် မိ ခင်တစ်ယောက်ပါပဲ သားလေးအပေါ် ဒီအရွယ်အထိ စောင့်ရှောက်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင် လာအောင် ဆုံးမပေးတာကို ကျွန်တော်ကတောင် ကျေး ဇူးတင်မိပါတယ်.... အမရဲ့ ဆုံးဖြတ်ချက်က သားလေးအပေါ်မှာ ထားတဲ့ စေတနာမေတ္တာတွေကို အရင်းခံပြီးပြောတာတွေက သင့်တော်တာကြောင့် ကျွန်တော်လဲ လက်ခံပါတယ်... ဒါ ပေမဲ့ ကလေးရဲ့ သဘောထားကို ထပ်ပြီး အတည်ပြုချင်ပါတယ်... ဟုတ်ရဲ့လား အမနဲ့ Wang သခင်မကြီးရယ်...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now