အပိုင်း (22)
တော်ဝင်ကုမ္ပဏီတွင် အလုပ်လျှောက်သူများကို ရေးဖြေစာမေးပွဲစစ်တော့မှာကြောင့် အရွေးခံရမဲ့ သူရဲ့လျှောက်လွှာတွေကို စီစစ်နေတော့တယ်.... လျှောက်လွှာတွေကိုကြည်နေတုန်းမှာ မျက်လုံးထဲမှာ လျှောက်လွှာတစ်ခုကိုမြင်တော့ ကျူးသောက်ချုန်း ကြည့်လိုက်မိတော့တယ်.... သူမျက်နှာမှာကောက်ကျစ်မှုကအထင်းသား ပေါ်လွင်နေတော့တယ်.... သူ က ဒီတော်ဝင် ကုမ္ပဏီရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်သည်.... သူရဲ့ အထက်လူကြီး မန်နေဂျာကြီးက အလုပ် ကိစ္စတစ်ခုကြောင့် အပြင်ရောက်နေသဖြင့်သူက လုပ်ပေးနေရခြင်းဖြစ်သည်......
"ဟင်... ရှောင်ကျန့်ပါလား.... သူလည်းဒီကုမ္ပဏီမှာ အလုပ်လာလျှောက်ထားတာပါလား.... မင်းကမရှိကရှိက အရည်အ ချင်းလေးနဲ့ လာလျှောက်နေသေးတယ်..... မင်း လူရွေးပွဲမှာ မပါအောင်ငါလုပ်ပြမယ်..... ရှောင်ကျန့် မင်းမှာ ကူညီးမဲ့သူတွေ အားကိုးစရာမရှိတော့ပဲနဲ့ ပိတ်မိနေမှ မင်းလေး ငါကိုလက်ထပ်မယ် ပြီးတော့ အားကိုးရမယ်.... မင်းဒီမှာ အလုပ်ရသွားရင် ငါကိုမျက်လုံး မမြင်တော့ဘူး အော်မှားလို့.... ငါ့ကို မင်းက တစ်ခါမှ မတွေ့ဘူးသေးတာပဲ ကိုယ်မေ့သွားတာ ကောင်းလေးရဲ့ ဟားဟား... Sorry အချစ်လေးရေး မင်း တော်ဝင်ကုမ္ပဏီက ရေးဖြေစာမေးပွဲမှာ မပါတော့ဘူး ရှောင်ကျန့်ရေ..."
ပြောပြီးတော့ ရှောင်ကျန့်ရဲ့ လျှောက်လွှာလေးကို အမှိုက်ပုံးထဲကို ပစ်လိုက်ပြီး အားပါးတရပြုံးလိုက်ပါတော့တယ်.......
"မန်နေဂျာကျူး အလုပ်စာမေးပွဲ အင်တာဗျူးအတွက် လူတွေရောက်နေကြပြီ သူတို့ကို ဝင်ခိုင်းလိုက်ရမလား...."
သူကို အလုပ်သမားခေါင်းဆောင်တစ်ယောက်က လာပြောသဖြင့်....
"မဝင်ခိုင်းနဲ့အုန်း လျှောက်လွှာမှာ နာမည်ပါတဲ့ သူကိုပဲအခန်း ထဲဝင်ခိုင်းမှာ မပါတဲ့သူကို လုံးဝမဝင်ခိုင်းဘူး......"
ပြောပြီး လေသံကို လျှော့ပြီးတော့......
"ရှောင်ကျန့်..... ရှောင်ကျန့်..... မင်းလေးရဲ့ နာမည်မပါတော့လို့ ကံဆိုးစွာနဲ့ အိမ်ပြန်ရတော့မယ်.....ဟားဟား....."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
أدب الهواةမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...