အပိုင်း (58)
ရှောင်ကျန့် အိပ်ချင်လာတော့ ညစာ စားပြီးတဲ့နောက်မှာ အ ခန်းထဲ ဝင်ပြီးအိပ်လိုက်တော့တယ်.... ဘယ်လောက်တောင် အိပ်နေမိတယ်မသိ တစ်ရေးနိုးတော့ သူကို တစ်စုံတစ် ယောက်က စိုက်ကြည့်နေတယ်လို့ ထင်မိလိုက်တာကြောင့် နိုးလာတော့တယ်.... သူဘေးကို အမှတ်တမဲ့အကြည့်ရောက်သွားတော့ သူဘေးမှာ ငုတ်တုတ်ကြီးထိုင်ပြီး သူကိုကြည့်နေတဲ့ Wang Yibo ကြောင့် လန့်သွားမိတယ်.... သူချက် ချင်း မျက်လုံးပြူးသွားပြီးတော့ ထထိုင်လိုက်တယ်.....
"ဟင်.... Yibo သွားမအိပ်ပဲ ဘာလို့ အခန်းထဲကို ရောက်နေတာလဲဟင် ဘာယူချင်လို့လဲ.... ငါဘာလုပ်ပေးရမလဲ နေမကောင်းလို့လား...."
သူမေးတာကို ပြန်မဖြေပဲ သူကို အခုထိစိုက်ကြည့် နေတဲ့ Yibo ကြောင့် သူအနေခက်လာမိတယ်... လုပ်စရာမရှိတော့ ကိုယ်လည်ပင်လေးကို ကိုယ်ပွတ်ပြီး စကားရှာနေမိပြီးမှ.....
"ဟို..... ငါမျက်နှာသွားသစ်လိုက်ဦးမယ်နော်....ဟင်းဟင်း "
ပြောပြီးတော့ ရယ်စရာမရှိပဲရယ်ပြီး စိုက်ကြည့်နေတဲ့ Yibo ရှေမှာ မနေချင်တော့လို့ သူကုတင်ပေါ်ကနေ ထရပ်လိုက်တော့တယ်.....
"အ....ဟင်.... Yibo"
ရုတ်တရက်ဆိုသလိုပင် သူမတပ်ရပ်လိုက်တာကို Yiboက ဘာမှမပြောပဲ သူလက်ကို စောင့်ဆွဲချလိုက်တာကြောင့် သူခန္ဓာကိုယ်ကို မထိန်းနိုင်တော့ပဲ အရှိန်လွန်ပြီး Yiboကိုယ်ပေါ်သို့ အရှိန်နဲ့ ပြုတ်ကျသွားတော့တယ်..... သူက yiboရဲ့ အပေါ်ကို ဖိထားသလိုကြီး ဖြစ်နေတာကြောင့် အမြန်ပြန်ထဖို့လုပ်ပြီးတော့....
"Sorryပါ ရုတ်တရက် ဆိုတော့ အရှိန်းမထိန်းနိုင်လို့...."
ရှောင်ကျန့် ပြောပြီး ထလိုက်တာကို Yiboက ပြန်ဆွဲထားတာကြောင့် သူထလို့မရပေ.....
"Yibo. ..."
သူခေါ်တော့ ပြန်မထူးပဲနဲ့... သူကိုခါးလေးကနေ ဖက်ထားပြီးတော့....
"ဒီတိုင်းလေးခဏလောက်နေပါ ကျွန်တော် မကိုက်စားပါဘူး... "
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Фанфикшнမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...
