နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.3K 85 1
                                    

အပိုင်း (35)

မိန်းမတစ်ယောက်က ဒီလောက် အောက်တန်းကျတဲ့ အလုပ်ကို လုပ်တာ အရမ်းကို စိတ်ပျက်စရာ ကောင်းလွန်းလှတယ်.... သူမကိုစိတ်ပျက်စွာ ကြည့်နေတဲ့ Yiboရဲ့ မျက်လုံးတွေကြောင့် သူမရှောင်ကျန့်ကို ဒေါသထွက်မိတယ်..... အ လားကား သူများသနားအောင် လုပ်နေတာ ရှောင်ကျန့်ဆိုတဲ့ မကောင်းတဲ့ ကောင်ကြောင့် သူမကို Yibo အထင်လွှဲသွားပြီး သူမ Yiboကိုတော့ လက်လွတ်မခံနိုင်ဘူး.... Yibo တို့ Wangအိမ်တော်က အရမ်းချမ်းသာကြတယ်... ပြီးတော့ Yiboကို ရှောင်ကျန့် လက်ထဲမပါစေချင်ဘူး...သူမက ရှောင်ကျန့်နဲ့ ယှဥ်ရင် အရာအားလုံးသူမကသာ သာနေရမယ်.... သူမဟန်ဆောင်ပြီးတော့ မျက်ရည်လေးကျပြီး ထွက်သွားဖို့လုပ်နေတဲ့  Yiboရဲ့ လက်ကိုလှမ်းဆွဲလိုက်တော့တယ်.....

"လျာကို ခွင့်လွှတ်ပါYiboရယ်.....လျာလိမ်ဖို့ မရည်ရွယ်ပါဘူး... လျာက တမင် ရှောင်ကျန့် ပြုတ်ကျသွားတာကိုမပြော
တာမဟုတ်ပါဘူး..... လျာကို အထင်လွှဲမှာဆိုးလို့ မပြောပဲနေမိတာပါ.... လျာမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး.... ဟင့်ဟင့်..... ရှောင်ကျန့် ကျေနပ်တဲ့ ထိလျာတောင်ပန်းပါမယ်... လျာကို နားလည်ပေးပါ Yiboရယ်..... မိန်းကလေးဆိုတော့ တစ်ခုခုဆို ဘာမဟုတ်တဲ့ ကိစ္စတွေတောင် တွေးပြီး ကြောက်ရွံနေမိတာပါ.... ရှောင်ကျန့်ကို ခွင့်လွှတ်ပေးဖို့အ တွက် စိတ်ဆိုးမပြေချင်း လျာတောင်ပန်းလိုက်ပါမယ်.... ဒီကိစ္စကြောင့်နဲ့ပတ်သတ်ပြီး လျာကိုစိတ်မဆိုးပါနဲ့နော် Yibo ရယ်....နော်..... ဟင့်ဟင့်...."

သူမ တမင်မကျတဲ့ မျက်ရည်တွေကို ညစ်ထုတ်ပြီး ငိုလိုက်တော့တယ်..... မသိတဲ့သူတွေကတော့ သူမကို သနားဂရုဏသက်သလို ကြည်နေကြတယ်...ငိုနေတဲ့ ထိုက်လျာကို Yibo က မျက်နှာခပ်တည်တည်နဲ့ပဲ ကြည့်ပြီးတော့ သူအားဆွဲထားတဲ့ လက်ကို ဖြုတ်ချလိုက်ပြီးမှ......

"ကောင်ပြီလေ မနက်ကျရင် ရှောင်ကျန့်ကို တောင်ပန်းလိုက်ပေါ့..... ဒီကိစ္စလိုမျိုး ဖြစ်ရပ်တူတွေတောင် ထပ်ပြီးမဖြစ်စေနဲ့.... ရှောင်ကျန့်ကို ဒုက္ခရောက်အောင်လုပ်တဲ့ သူမှန်သမျှကို ငါခွင့်လွှတ်မှာ မဟုတ်ဘူး.... ပြီးတော့ မင်းတောင်ပန်းရတာ ငါ့ကြောင့်ဆိုပြီး ရှောင်ကျန့်ကို သွားမပြောနဲ့ ကြားရဲ့လား..."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now