အပိုင်း (67)
ရှောင်ကျန့် Yiboကို ဖက်ပြီး ငိုနေမိတယ်.... သူ အချိန်ဘယ်လောက် ကြာသွားအောင် ငိုနေမိသည်မသိ သူအာရုံထဲကို သူအရမ်းရင်နှီးတဲ့ ခေါ်သံကြားတော့မှ ရှောင်ကျန့်မျက်လုံးဖွင့်မိတယ်... မျက်လုံးစဖွင့်လိုက်တာနဲ့ သူအမြင်ချင်ဆုံးမျက်နှာလေးကိုစပြီး မြင်လိုက်ရတော့....
"Yibo.... "
သူရှေမှာ ရပ်ပြီးသူကိုစိုးရိမ်းတကြီး ငုံမိုးကြည့်နေတဲ့ Yibo ကိုတွေ့လိုက်ရတော့ အိမ်မက်ဖြစ်နေမှာ စိုးတာကြောင့် သူ ဖက်လိုက်မိတယ်... သူအိမ်မက်မဟုတ်ဘူးပဲ ဒါဆိုရင် ခုနက သူဖြစ်နေတာ အိမ်မက်ပေါ့... သူရင်ထဲ ဖော်မပြတက်အောင် ပျော်နေမိတာကြောင့်....
" Yiboမသေဘူးနော်... ဝမ်းသာလိုက်တာ ငါ့ဆီကို ပြန်လာပေးတာ အရမ်းကျေးဇူးအရမ်းတင်ပါတယ်နော်... အင့်... ဟင့် ဟင့်....ငါလေ မင်းပြန်သတိမရလာတော့မှ အရမ်းစိုးရိမ်နေမိတာ..... ဟင့်ဟင့်.... "
ရှောင်ကျန့် ငိုရင်းရယ်မိတော့တယ်.... သူသိတာက Yibo အိမ်မက်ထဲကလို သူကိုထားမသွားတာကြောင့် ပျော်ရွှင်မိတယ်... Yiboကတော့ သူရဲ့ အကောင်ပေါက်လေးက သူကိုဖက်ပြီး တရှုတ်ရှုတ်ငိုနေတာကြောင့် သူအသည်းယားလာပြီးတော့...
"ဘာလို့ဒီလောက်ငိုနေတာလဲရှောင်ကျန့်ရဲ့ ကျွန်တော်သတိရလာတော့ ခင်ဗျားလေးကြောင့် ကျွန်တော် ဘယ်လောက်လန့်သွားလဲ သိလား.... ဘယ်လောက်တောင် စိုးရိမ်သွားလည်း သိလား.... "
သူဆူတော့ သူကိုခပ်ပေပေလေးကြည့်ပြီး မျက်စောင်းထိုးပြီးမှ.....
"အင့်.... ငါလေ.... အင့်ဟင့်ဟင့်....မင်းပဲ စိုးရိမ်တာလား ငါဘယ်လောက်တောင် ကြောက်နေလဲ မင်းမှမသိတာ မင်းသတိပြန်မလည်လာရင် ငါဘယ်လိုလုပ်ရမလဲ တွေးနေမိတာ အင့်ဟင့်ဟင်...."
ပြောရင်းနဲ့ မျက်ရည်ကျလာမိတယ် Yiboသတိမေ့နေတဲ့ အချိန်က သူအတွက်တော့အရမ်းနာကျင်ရတယ်... သူYibo ကို မတွေ့ရတော့ရင် ဆိုတာခေါင်းထဲအမြဲကြီး ရောက်နေတာဖြစ်သည်.... ဒါကို Yiboသိအောင် ပြောပြချင်ပေမဲ့ သူဘယ်လိုပြောရမလဲမသိတာကြောင့်....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...