အပိုင်း (34)
ဟိုတယ်အခန်းထိကို သူယုန်လေးကို လမ်းမလျှောက်ခိုင်းပဲ ချီလာခဲ့တယ်.... သူကိုတားချင်နေတဲ့ပုံရတဲ့ ယုန်လေးက မျက် နှာ ခပ်တည်တည်ဖြစ်နေတာကြောင့် စကားမပြောရဲပဲ ငြိမ်နေပေသည်.... ကားပေါ်မှာရော အခုအခန်းထဲရောက်တဲ့ အချိန်ထိ စကားလုံးဝ မပြောတာကြောင့် ယုန်လေးသူကို ခိုးခိုးပြီးကြည့်နေတာတွေ့နေရပေမဲ့ မသိိချင်ယောင်ဆောင်လိုက်တော့တယ်... သူဘယ်လောက်တောင်လန့်သွားလဲယုန်လေးပျောက် သွားတဲ့အချိန်မှာ သူထူပူပြီး ဘာမှ စဥ်းစားလို့မရဖြစ်သွားတယ်..... တကယ်လို့သာ သူနားက ထွက်သွားရင် သူလည်း သေသွားနိုင်တယ်..... မတွေ့တုန်းကတောင် အရမ်းစိတ်ပူနေခဲ့တာ.... ယုန်လေးကို သနားပေမဲ့ အပြစ်ပေးတဲ့ အနေနဲ့သူ မခေါ်တာဖြစ်သည်..... ကျန်ကျန့်ကတော့ Yiboစကားမပြောတော့ သူမနေတက်ပေ ဒါကြောင့်.....
"Yibo ကျန်ကျန့်ကို စိတ်ဆိုးနေတာလားဟင်..... ကျန်ကျန့် ပေါ့လို့ ရေထဲကို ခြေချော်ပြီးကျသွားတာပါ......... ကျန်ကျန့် တောင်ပန်းပါတယ် စိတ်မဆိုးပါနဲ့နော်.... Yiboအတွက်အ လုပ်ရှုပ်သွားမှန်း ကျန်ကျန့် နားလည်းပါတယ်.... ကျန်ကျန့်က Yiboကို အရမ်းကြီး ဒုက္ခပေးနေသလိုဖြစ်သွားတာမို့ စိတ်မဆိုးပါနဲ့နော်....... နောက်တစ်ခါ Yiboအလုပ်ရှုပ်တဲ့ ကိစ္စမျိုး မဖြစ်စေရပါဘူး.... ကျန်ကျန့်ကို သူငယ်ချင်း မလုပ်ချင်တော့လို့လားဟင်....."
မျက်နှာလေးမကောင်းစွာနဲ့ ဆိုလာတာကြောင့် သူမှာ တလွှဲတွေးနေတဲ့ ယုန်လေးကို ဂရုဏသတ်မိပြန်တယ်......
"အရှုးလေး မဟုတ်တာတွေ လျှောက်ပြီး တွေးနေတယ်........ ကိုယ်မင်းကို ဘယ်လောက် စိတ်ပူသွားလဲ သိလား... မင်းသာတစ်ခုခုဖြစ်ရင် မင်းရဲ့ မားကို ဘယ်လိုပြောရမှာလဲ.... ကိုယ်က ဒီခရီးကို မင်းကိုခေါ်လာတာလေ မင်းပျောက်သွားတာကို ဘယ်လိုလုပ် သွေးအေးပြီး ရယ်မောနေရမှာလဲ....."
ကိုယ်ကရော မင်းကိုမတွေ့တော့ရင် ဘယ်လိုမျိုးရှင်သန်နေရမှာလဲ ရှောင်ကျန့်လေးရဲ့ ဒီနောက်ဆက်တွဲ စကားလေးကိုတော့ သူရင်ထဲကနေပြောမိတာဖြစ်သည်........ ယုန်လေးက
သူဆူတော့ မျက်နှာငယ်လေးနဲ့ ကြည့်နေပြီးတော့....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...