အပိုင်း (90)
ယုန်လေးရဲ့မားက သူပြောတာကို လက်ခံသဘောတူလိုက်တာကြောင့် သူကလေးမျက်နှာလေး ကြည်လာတာကြောင့် ပိုပြီးပျော်ရွှင်သွားလိမ့်မယ်လို့ထင်မိတယ်... ယုန်လေးက သူကို ကျေးဇူးတင်တဲ့ မျက်လုံးအကြည့်တွေနဲ့ ကြည့်ပြီးတော့ သူရဲ့ပါးကိုနမ်းလိုက်တာကြောင့် ရုတ်တရက်ဆိုတော့ Yibo ကြောင်သွားမိတယ်... ဒါပေမဲ့ သူကလည်းညံတဲ့သူမှ မဟုတ်တာ သူပေါင်ပေါ်မှာထိုင်နေတဲ့ ယုန်လေးရဲ့ ခါးသေးသေးလေးတွေကို လက်တွေနဲ တင်းတင်းကြပ်ကြပ်ဖက်ပြီးတော့ မျက်နှာလေးကို ငေးကြည့်ပြီး....
"မင်းအရမ်းဆိုးလာပြီးနော် ယုန်လေးကိုယ်ကို မြူစွယ်နေတာလား... ဒါမှမဟုတ် မင်းအပေါ်မှာ ရှိနေတဲ့ ကိုယ်ရဲ့ သည်းခံမှုကို လာပြီးစမ်းနေတာလား.... နောက်မှကိုယ်ကို လာပြီး မတားနဲ့နော် မင်းအထိအတွေ့နဲ့ ပတ်သတ်လာရင် ကိုယ်ကခံနိုင်ရည်မရှိဘူးနော်...အခုတောင် ကိုယ်ရဲ့နှလုံးသားလေးက မခိုင်တော့ဘူး..... မင်းကို တစ်ခုခုလုပ်မိတော့မယ်နော် ယုန်လေးနောက်မှ အနိုင်ကျင့်တယ်ဆိုပြီး မငိုနဲ့နော်....."
သူယုန်လေးကို နား နားကပ်ပြီး တိုးတိုးလေး ချိန်းခြောက်သ လိုမေးတော့... မျက်ဝန်းလှလှလေးတွေကို ထောင့်ကပ်ပြီးချစ်စရာကောင်းလောက်အောင် လုပ်ပြီးတော့ သူနား နားကပ်ပြန်ကပ်ပြီးတော့ သူမေးသလိုနှစ်ယောက်သားကြားရရုံလောက်အသံဖြင့်....
"ဟွန်း... မကြိုက်လို့လား... မကြိုက်ရင်မနမ်းတော့ဘူး.... လူကိုများ သူကိုမြူစွယ်နေတယ်တဲ့ မခေါ်တော့ဘူး အခုတော့ ဒီလိုလုပ်တာလေးကိုများ.... ဟွန့်... သူများကို အခုတော့ ငြိုငြင်နေပြီပေါ့နော်.... ဘယ်တော့မှ စပြီးမနမ်းတော့ဘူးအခုလည်း ပြန်ပြီး နှုတ်လိုက်မယ်...."
တီတီတာတာပြောပြီးတော့ သူကိုယ်ပေါ်ကနေဆင်းဖို့ သူလက်တွေကို အတင်းဖယ်ချပြီးတော့ စိတ်ကောက်ပြီး သူကိုယ်ပေါ်က ထဖို့လုပ်နေတဲ့ ယုန်လေးရဲ့ ကိုယ်လေးကို အလွတ်မပေးပဲ ပိုပြီးဖက်ထားလိုက်ပြီး ဆူထွက်နေတဲ့ နှုတ်ခမ်းလေးကို ဆွဲပြီးနမ်းလိုက်ပြီးတော့အရသာခံပြီးမှ လွှတ်ပေးလိုက်ပြီးတော့မှ... ချစ်စနိုးလေးနဲ့ နှာခေါင်းထိပ်လေးကို ဖွဖွလေး ဆွဲလိုက်ပြီး
![](https://img.wattpad.com/cover/263237384-288-k442136.jpg)
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...