နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.3K 96 5
                                    

အပိုင်း (48)

Yiboတစ်ယောက်ဘေးကနေ နားထောင်နေတာတောင် သီးခံနိုင်စွမ်းကုန်ပြီးတော့ တော်တော်လေး ဒေါသထွက်လာတာကြောင့် သူမနေနိုင်တော့ပဲ ဝင်ပြောလိုက်တာဖြစ်တယ်... ယုန်လေးလို လူမျိုးက သူအတွက်ထက် သူများကို ပိုပြီးတွေးပေးတက်တဲ့ သူမျိုးဖြစ်နေတာကြောင့် သူအတွက်နဲ့ သူများစိတ်ဆင်းရဲမဲ့ စကားကို မပြောတက်တဲ့အပြင် သူများအတွက် အမြဲပူပန်းပေးနေတာမို့ ဘာမှပြန်မပြောမှန်းသိနေတဲ့ တစ်ဖက်ကလူတွေက ပိုပြီးနိုင်စားချင်နေပြီးတော့ ပြန်မပြောတက်တဲ့သူကို တမင်ဖိပြီးပြောနေတာကို သူလက်မခံနိုင်ပေ....... ဒါကြောင့် သူယုန်လေးကိုယ်စား ထိုမိန်းမကြီးကို ပြောလိုက်တာဖြစ်သည်... သူအပြောကို တစ်ဖက်က မိန်းမကြီးကြားပြီး တော်တော်လေး ဒေါသထွက်ပြီး မခံချင်ဖြစ်သွားတဲ့ပုံပင်....

"Wang Yibo ရှောင်ကျန့်နဲ့ မကြာခင်လက်ထပ်မဲ့ သူပဲ ခင်ဗျာရဲ့ ကမ်းလှမ်းချက်ကို စိတ်မဝင်စားဘူး...ခင်ဗျာဘက်ကကြိုက်သလိုလုပ်နိုင်တယ်နော် ကျွန်တော်ကတော့ဂရုစိုက်နေမှာမဟုတ်ဘူး..... ဒါပေမဲ့တစ်ခုတော့ကြိုပြောထားတယ်နော် လူတစ်ယောက်က သီးခံတယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲနော် ရှောင်ကျန့်ကိုလာထိရင်တော့ သူရဲ့ အဘွားဆိုပြီး လုပ်နေမှာ မဟုတ်ဘူး... ပြီးတော့သူတို့သားအမိကလည်း ခင် ဗျာနဲ့ ထပ်ပြီးပတ်သတ်မှာ မဟုတ်တော့ဘူး... ဒီတော့ကိုယ်ရဲ့အကြွေးတွေကို ကိုယ်ဘာသာကိုယ်ရှင်းလိုက်တော့... နောက် ထပ် ရှောင်ကျန့်ကို လာပြီးပတ်သတ် ဆက်နွယ်ရင်တော့ သီးခံနေမှာ မဟုတ်တော့ဘူး...."

တစ်ဖက်က ခပ်မာမာပြောလာတဲ့ Yiboဆိုတဲ့ ကောင်လေးစကားကြောင့် ဒေါသထွက်သွားပြီး.....

"တောက်..... ရာရာစစ မင်းက ဘာလို့ ရှောင်ကျန့်ကိုယ်စားဝင်ပြီးပြောနေရတာလဲ.... ဟင်းဟင်း.... သူကငါ့ကိုကြောက်ပြီမပြောရဲတာလား.... တကယ် သူသာသတ္တိရှိရင် ကိုယ်တိုင်ပြောခိုင်းလိုက်စမ်းပါ.... ငါသူနဲ့ပဲ စကားပြောချင်တယ် မင်းနဲ့မပြောချင်ဘူး သူကို ဖုန်းပေးလိုက် အခုချက်ချင်း သူကိုဖုန်း ပေးလိုက်စမ်း...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now