အပိုင်း (44)
သူမပြောတာကို မယုံကြည်သလိုကြည့်နေတဲ့ သမီးဖြစ်သူကို ကြည့်ပြီးတော့.... အောင်နိုင်သူ တစ်ယောက်လို ရဲရဲဝံဝံ ပြုံးပြီးတော့မှ ဂုဏ်ယူစွာနဲ့....
"သမီး နင့်မယုံဘူးမလား..... ငါဘယ်သူဆီက ပိုက်ဆံရတယ်လို့ နင့်ထင်လဲ... ဟင်းဟင်း....."
သမီးဖြစ်သူက မဖြစ်နိုင်တဲ့ပုံစံမျိုးနဲ့ ကြည့်နေပေမဲ့ နှုတ်ကနေပြီးတော့....
"ကျူးသခင်လေးဆီကလို့ ပြောချင်တာ မဟုတ်ပါဘူးနော် မာမီ...... ဘယ်သူကမှ သူအတွက် အကျိုးအမြတ်မရပဲနဲ့ ငွေတွေကို အလကားထုတ်ပေးမှာလဲ.... တကယ်လို့ ထုတ်ပေးလိုက်ရင်လည်း အဲဒီလူက ရှူးနေလို့ပဲ ဖြစ်မယ်လို့သမီးက တော့ထင်တယ်..... "
သူမာမီက သူမမှန်းတာ မှန်တယ်ဆိုတဲ့ ပုံစံနဲ့ ခေါင်းငြိမ့်ပြပြီးမှ.....
"ဟုတ်တယ်..... သမီးတွေးသလိုပဲ ကျူးသခင်လေးဆီကရခဲ့တာပေါ့.... ဒါပေမဲ့ အလားကားတော့ ဘယ်ရပါမလဲ ကိုဘက်က တစ်ခုခုတော့ ပြန်ပြီးပေးဆပ်ရတာပေါ့..... ဘာပေးရတာလဲဆိုရင် သမီး နင်လည်းသိပါတယ် သူဆီကိုရှောင်ကျန့်ကို ပို့ပေးလိုက်ရတာပေါ့..... အခုလောက်ဆိုရင် ကောင်လေးက ကျူးသခင်လေးဆီကို ရောက်နေလောက်ပြီလေ... ကျူးသ ခင်လေးကပြောတယ် သူကိုပိုပြီး ရှောင်ကျန့်က စိတ်ကျေနပ်စေလောက်မယ်ဆိုရင် မာမီတို့ သုံးဖို့ငွေတွေထပ်ရအုန်းမှာတဲ့ သိလား အရမ်းဝမ်းသာစရာကောင်းတယ်နော်..... ဟင်းဟင်း...... ဒါပေမဲ့ ရှောင်ကျန့်အပေါ် အဲဒီလိုမလုပ်ချင်ပေမဲ့ မာမီတို့မှာ ရွေးချယ်စရာမရှိတော့တာကြောင့် စိတ်တော့မကောင်းလိုက်တာ သမီးရယ်....."
ပြောနေရင်းနဲ့ စိတ်မကောင်းတဲ့ ပုံစံ လုပ်ပြနေတဲ့ မာမီကို ကြည့်ပြီးတော့.....
"မာမီကလည်း သားအမိနှစ်ယောက်တည်းရှိတာကို လာပြီး စိတ်မကောင်းသလို လုပ်ပြနေတယ်..... စိတ်ထဲကမပါပဲနဲ့များ ဟွန်း.... ဒါနဲ့လေ ရှောင်ကျန့်က လက်ခံလို့လား သမီးသိသလောက်တော့ ကျူးသခင်လေးကို လက်မခံချင်လို့ ငြင်းနေတာလေ ဘယ်လိုကနေ ဘယ်လို လက်ခံလိုက်တာလဲ..... သူသာ ဒီလိုလုပ်ပေးရမယ်ဆိုရင် သွားမှာမဟုတ်လောက်ဘူးဟုတ်တယ်မလား မာမီ....."
![](https://img.wattpad.com/cover/263237384-288-k442136.jpg)
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...