နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1.8K 97 7
                                    

အပိုင်း(17)

ရှောင်ကျန့် သူတို့နားကနေအမြန်ပဲထွက်သွားချင်နေတာကြောင့် သူဘာသာဆေးထည့်မယ်လို့ အလွယ်တကူပြောလိုက်ပေမဲ့........ အခုထိသူခါးကို ရဲတင်းစွာဖက်ထားတဲ့ Wang Yibo ကြောင့် မော့ကြည့်ပြီးတော့ စိတ်မရှည်တဲ့ပုံစံနဲ့.....

"ကျေးဇူးပြုပြီး ကျွန်တော်ခါးကလက်လေးဖယ်ပေးပါလား... လူတွေကြည့်နေကြတယ်.... ပြီးတော့ ခင်ဗျားကိုမသိဘူး...."

ရှောင်ကျန့်နှစ်ယောက်သာကြားရုံလေသံနဲ့ ပြောလိုက်တာကို လက်လည်းမလွှတ်ပေးတဲ့ အပြင် ပိုပြီးတင်းကြပ်သွားတာကြောင့် ရှက်လည်းရှက် ဒေါသလည်းထွက်လာမိတယ်....... ယောင်္ကျားလေးအချင်းချင်း ခါးဖက်တာက လူမြင်လို့လည်းမကောင်းတဲ့ဟာကို မျက်နှာက ခပ်တည်တည်နဲ့လုပ်ထားပေမဲ့.... သူကိုတမင်လုပ်နေတာကြောင့် ကိုယ်ဘာသာပဲ Yibo ရဲ့လက်ကို ဆွဲပြီး ဖြုတ်ကြည့်ပေမဲ့ ဖြုတ်မရဖြစ်နေတယ်..... yiboက သူတမင်စိတ်တိုအောင်စနေတာကို မသိပဲ ဒေါသကြောင့် မျက်နှာလေးနီရဲနေတဲ့ ကောင်လေးကိုကြည့်ပြီး ပျော်နေမိတယ်..... သူ ရှောင်ကျန့်ကို ခင်ချင်လို့လည်းပါတယ်....

"Wang Yibo. .......မင်းကို လက်ဖယ်ပေးလို့ပြောနေတယ်နော်....."

"ဟင်..... ကျွန်တော်ကို မသိဘူးဆို တစ်ခါမှတောင် မမြင်ဘူးဆို ဘယ်လိုသိသွားတာလဲ ဟက်....... စုံစမ်းထားတာလား မထင်ရဘူး ပြောတော့ မသိချင်ဘူးဆိုပြီး အခုတော့ကျွန်တော်အပေါ်......"

အမြင်ကတ်စရာကောင်းလောက်အောင် ရယ်ပြီးပြောနေတဲ့ သူကြောင့်......

"Wang Yibo. ..... မင်းနော် မင်း....."

ရှောင်ကျန့်ဒေါသထွက်လာတာကြောင့် အော်လိုက်မိတော့တယ်.... အခုသူတို့နားမှာ လူတွေရှိနေတာလည်း သတိမရတော့ပေ..... yiboကတော့ မျက်ရည်လေးဝဲနေတဲ့ ကောင်လေးကြောင့် စတာလွန်သွားပြီးမှန်းသိတော့ ကိုယ်ရှိန်သတ်ပြီးတော့.......

"ကောင်ပြီး...... ကိုယ်လွှတ်ပေးမယ် စိတ်မဆိုးနဲ့တော့..... အခုလို ဒေါသထွက်နေတဲ့ မင်းမျက်နှာလေးကအရမ်းချစ်စရာကောင်းတယ်သိလား......"

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now