နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1K 61 5
                                    

အပိုင်း ( 64)


သူမစကားတွေကို ကြားတော့ ထပ်ပြီးတော့ သီးမခံနိုင်တော့တာကြောင့် ရှောင်ကျန့်က.....

"ကျွန်တော် မလုပ်နိုင်ဘူး.... Yiboကို ထားခဲ့ပြီး လုံးဝမထွက်သွားနိုင်ဘူး..... Yiboက ကျွန်တော်ကို သူရှေ့ကနေ ထွက်သွားလို့ မပြောမချင်း Yiboဘေးနားကနေ ဘယ်တော့မှ သွားမှာမဟုတ်ဘူး ကျန်းထိုက်လျာ... မင်းကိုတော့ အားနားပါတယ် ငါလည်း Yiboကို ငါ အရမ်းချစ်တယ်.... "

ရှောင်ကျန့် ခေါင်းခါပြီး သူရင်ထဲကခံစားချက်တွေကို ပြောပြီး ငြင်းမိတယ်.... ရှောင်ကျန့်စကားကြားတော့ ကျန်းထိုက်လျာတစ်ယောက် သူမ အသနားခံမိတာတောင် ရှက်သွားပြီးတော့....

"ဘာ ရှောင်ကျန့်.... နင့်ဘယ်လိုတောင် မျက်နှာပြောင်တိုက်ရတာလဲ.... နင့်ဒီလောက်တောင် အရှက်မရှိလိမ့်မယ်လို့ မထင်ထားဘူးရှောင်ကျန့်..... တကယ် မျက်နှာပြောင်တိုက်တယ်...."

"မင်းတွေးချင်သလို တွေးနိုင်တယ် ငါYiboဘေးမှကနေ မထွက်သွားနိုင်ဘူး.... မင်းပြောခဲ့တယ်မလား ဒီပြဿနာက ငါ့ကြောင့်ဆိုတော့ ငါပဲတာဝန်ယူသင့်တယ်လေ... ဒါကြောင့်ငါပဲ Yiboဘေးနားမှာနေပြီး ပြုစုပေးသင့်တာပေါ့....ပြီးတော့ ငါ Yiboကို ချစ်တယ် သူနားကနေ ဘယ်မှသွားမှာမဟုတ်ဘူး..... မင်းပြောတာကို လက်မခံနိုင်တာတော့အားနားပါတယ်ကျန်ထိုက်လျာ...."

ကျန်းထိုက်လျာရဲ့ ဒေါသတွေက အမြင့်ဆုံးထိကိုရောက်သွားပြီးတော့....

"နင့်က မသွားဘူးပေါ့ဟုတ်လား.... ကဲဟယ်.... အဲ့ဒီလောက်တောင်နေချင်အုန်း.... နေချင်အုန်း.... ဘုန်း...."

သူမ ရှောင်ကျန့်ရဲ့ ကိုယ်ကို လွယ်ထားတဲ့ စလင်းဘတ်အိတ်နဲ့ ရိုက်ပြီး တွန်းထုတ်နေမိတယ်.....

"ဒီလောက်ဆိုတော်လောက်ပြီ ကျန်းထိုက်လျာ.... လူတွေအကုန်လုံး Yiboအတွက် စိုးရိမ်နေကြတာကို ဘာလို့ကလေးဆန်နေရတာလဲ.... ပြီးတော့ ဒီကိစ္စကရှောင်ကျန့်ကြောင့် ဖြစ်တာမှ မဟုတ်တာ Yiboရဲ့ ကံကြောင်လဲ ဖြစ်တာလဲ ဖြစ်နိုင်တယ်.... ရှောင်ကျန့်ကို အားလုံး ပုံချနေလို့မဖြစ်ဘူး...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now