နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1.8K 95 0
                                    

အပိုင်း (11)

သူမရှောင်ကျန့်ကိုမခေါ်ချင်ပေမဲ့သူမရဲ့အတွင်းစိတ်မကောင်းတာကို ထုတ်ဖော်သလို ဖြစ်မှာစိုးရိမ်းမိတာကြောင့် အောက် သက်သက်ဖြင့်......

"သူက ညီမအိမ်မှာ အလုပ်လုပ်တဲ့ အစေခံရဲ့ သားပါ ရှောင်ကျန့်တဲ့ ညီမက အရမ်းကြီးချောတော့ ရည်စားစကားလိုက်ပြောပြီးတော့ နှောက်ယှက်ကြတာကြောင့် အခုလည်း အပြင်ထွက်ရင် တစ်ယောက်တည်းဖြစ်နေရင် ထပ်ပြီး နှောက်ယှက်တာခံနေရမှာ စိုးလို့ ဒယ်ဒီတို့က သူကို စောင့်ရှောက်ခိုင်းဖို့ထည့်ပေးလိုက်တာလေ သူကိုထားခဲ့လိုက်တာ အဆင်ပြေမယ်ထင်တယ်..... ပြီးတော့ သူက လူများတဲ့နေရာတွေဆို မသွားဖူးတော့ အရှက်ရအောင်လုပ်ရင်........"

ကျင်းမမလေးက သူကိုမခေါ်ချင်လို့ တမင်ပြောနေတာမှန်း ကျန်ကျန့် သိနေတာကြောင့် ဘာမှဝင်မပြောတော့ပေ....... မလိုက်ရတော့တာ သေချာနေတာကြောင့် ပျော်နေမိတယ်..... သူသခင်မလေးစကားကြောင့် ထွေးထွေးထူးထူး ဝမ်းမနည်းနေတော့ပေ..... သူကို လူရာမသွင်းချင်တဲ့ အချိန်ပဲဖြစ်ဖြစ် ရည်းစားကောင်လေးတွေရှေ့မှာပဲ ဖြစ်ဖြစ်အမြဲပြောနေကြဖြစ်သည်..... ကြာလာတော့လည်း ရင်ဘက်ထဲက နာကျင်မှုက သူအတွက်နာလွန်းလို့ ထုန်နေပေပြီ...... ပြီးတော့ အဲ့ဒီကောင်လေးနဲ့ တူတူနေရတာ တစ်မျိုးကြီးပဲ ခပ်တည်တည်နဲ့ ဆိုပေမဲ့သူမျက်လုံးတွေက တစ်မျိုးပုံစံဖြစ်နေတာလည်းပါတယ်..... သူရဲ့ အကြည့်တွေက လူကို စားမတက်ဝါးမတက်ကြည့်နေတာများ ကြောက်စရာကောင်းလိုက်တာ.... ကျန်ကျန့် သူနားမှာနေရတာ အနေခက်တာမို့ မနေချင်ပေ.... သခင်မလေးက သူကိုမခေါ်ချင်သလိုပြောလိုက်တော့..... သူထခုန်မတက်ဝမ်းသာသွားမိတယ်....... yiboကတော့ ရှောင်ကျန့် မျက်နှာကို အရိပ်လို ကြည့်နေတာကြောင့် ရှောင်ကျန့်ဆို့တဲ့ ယုန်လူကြီးလေးပျော်သွားတာကို မြင်နေရကြောင့် တစ်ဖက်လှည့်ကာ ပြုံးလိုက်ပြီးတော့မှ ကျင်းသခင်မလေးအား .......

"အော်ဟုတ်ပြီး ကျွန်တော်ကလည်းတရားဝင် နှုတ်ဆက်ပါမယ် Wang Yiboပါ.....ကျွန်တော်ဘက်က အဆင်ပြေပါတယ် သူကိုပါခေါ်လာလိုက်ပေါ့ ညီမပြန်ရင်လည်း တစ် ယောက်တည်းဖြစ်နေရင် နှောက်ယှက်ခံနေရအုန်းမယ်... တစ်ယောက်စာပိုကျွေးရတာလောက် ကို ကျွန်တော်ကျွေးနိုင်ပါတယ်...... ဒီလို ပိန်ပိန်ကောင်လေးက ဘယ်လောက်စားနိုင်မှာလဲ..... "

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now