အပိုင်း (36)
မနေ့က ခရီးတစ်လျှောက်လုံးလည်း Yiboက သူကိုမျက်လုံးအောက်က အပျောက်မခံပဲအရိပ်လို ဂရုတစိုက် နောက်ကနေလိုက်ပြီး ကြည့်ပေးနေတာကြောင့် ကျန်ကျန့်အားနာမိတယ်... သူက Yiboအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုလို့ခံစားနေရတော့တယ်... ပြီးတော့ သူရှိနေရင် ဂရုအရမ်းစိုက်ပေးနေတာကြောင့်လည်း မနေတက်ဖြစ်မိတယ်... ရုံးကဝန်ထမ်းတွေကလည်း သူတို့ကို တစ်မျိိုးထင်နေကြတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာကြောင့် သူမှာက ကြွယ်ဝချမ်းသာမှုမရှိပေမဲ့တော့ သူကပြဿနာမရှိပေမဲ့ Yiboက ကုမ္ပဏီရဲ့ပိုင်ရှင်တစ်ယောက်ဖြစ်တာကြောင့် တစ်ခုခုဖြစ်ရင် ထိခိုက်နိုင်တယ်..... သူတို့ကားလေး ကုမ္ပဏီရှေ့ကိုရောက်တော့ Yibo သတိမထားမိခင် သူအိမ်ပြန်ဖို့ သေတ္တာလေးဆွဲပြီး တိုးတိုးလေး ထွက်လာမိတော့တယ်....
"တော်သေးတယ်..... Yiboသတိမထားမိလို့ပေါ့...ဟူး...."
သေတ္တာလေးကို ဆွဲပြီး တစ်ယောက်တည်း ရေရွတ်ရင်း သက် ပြင်းချမိတယ်...... သူမှာ Yiboသတိမထားမိအောင် တော် တော်လေး ရှောင်ပြီးထွက်လာရတာလေ...အပြင်ဘက်ရောက်တော့ အိမ်ကို ကားငှားပြီး ပြန်ဖို့ အငှားကားအလာကို စောင့်နေမိစဥ်.....
"ကိုယ်လိုက်ပို့မယ်လို့ ပြောထားတာကို ဘာလို့ တစ်ယောက် တည်းခိုးထွက်လာတာလဲ ရှောင်ကျန့်....ကိုယ်က မင်းဘယ်များရောက်သွားလည်းဆိုပြီး လိုက်ရှာနေတာ မင်းထွက်သွားတာကို တွေ့လိုက်တဲ့ လုံခြုံရေးကြောင့် မင်းပြန်သွားပြီးဆိုပြီးသိရတာ.... အရမ်းဆိုးနေတယ်ပေါ့ဟုတ်လားရှောင်ကျန့် လာအခု ပြန်မယ်...."
သူလက်ကိုဆွဲပြီး အဝတ်သေတ္တာကို ယူလိုက်တာကြောင့် သူ မပေးပဲ ပြန်ကိုင်ထားပြီးတော့.....
"Yibo ကျန်ကျန့်ဘာသာ ပြန်ပါမယ်.... ပင်ပန်းလာတာကို နာချင်နေမှာပဲ.... ကျန်ကျန့်က ကလေးလဲမဟုတ်ဘူး အိမ်ပြန်တက်ပါတယ်..."
နှုတ်ခမ်းလေးဆူပြီးတော့ သူကို အလိုမကျတဲပုံစံနဲပြောနေတဲ့ အမူအယာကတောင် ဒီလောက်ကလေးဆန်နေတာကိုများ သူအသည်းတယားနဲ့ ကြည့်ပြီးတော့...
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...