နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.2K 73 2
                                    

အပိုင်း (37)

ကျန်ကျန့် ကျင်းအိမ်တော်ထဲ ရောက်တာနဲ့ အရင်ဆုံး မားကို ရှာမိတယ်...... ခရီးသွားတဲ့ နှစ်ရက်လုံးမားကို မတွေ့ရတာကြောင့် သူအရမ်းလွမ်းနေမိကြောင်း မားကို ချွဲချင်မိတာကြောင့်ဖြစ်သည်.....သူတို့ တူတူနေတဲ့ အိမ်လေးမှာလဲ မားမရှိတာကြောင့် အိမ်ကြီးဆီမှာ အလုပ်သွားလုပ်နေပြီလို့ တွေးလိုက်မိတာမို့ သူခြေလှမ်းတွေက အိမ်ကြီးဆီးကို ဦးတည်လိုက်မိတော့တယ်...... ကျင်းအိမ်တော်ထဲ ရောက်လာပေမဲ့ အိမ်ကြီးထဲမှာလဲ မားကို မတွေပေ.....ဘယ်နေရာမှ မားရဲ့ အရိပ်လေးတောင်မတွေ့ကြောင့် သူတို့သားအမိနဲ့ ဆွေးမျိုးရင်းချာတွေလို ဖြစ်နေတဲ့ အိမ်အကူ အဒေါ်ကြီးကို လှမ်းမေးမိလိုက်တော့တယ်....

"အန်တီ မားဘယ်သွားတာလဲ ဟင်..... သားလိုက်ရှာနေတာ မတွေ့သေးလို့ မားစျေးသွားတာလား.....တစ်အိမ်လုံးရှာတာလည်း မရှိဘူး အန်တီတွေ့မိသေးလားဟင်...."

သူမေးလိုက်တာကို အံသြ သလိုကြည့်လာပြီးတော့....

"သားလေးကျန်ကျန့် ပြန်လာပြီလား... ဘယ်တုန်းကရောက် တာလဲကွယ့်... .. မင်းအမေ ကျင်းအိမ်တော် မှာမရှိဘူး... ကျင်းသူဌေးနဲ့ ကျင်းကတော်က သူတို့ရဲ့ အမေနဲ့ အဖေကို ပြုစုပေးရမယ် လူရင်းမရှိဘူးဆိုလို့ မင်းရဲ့မားကို ပြောဆိုပြီးလွှတ်လိုက်တယ်..... သားကို မားက ဘာမှမပြောသွားဘူးလားကွယ့်...... "

သူခေါင်းငြိမ့်ပြ လိုက်ပြီးတာ့မှ....

"ဟုတ်မားက သားကို ဘာမှမပြောဘူးအန်တီရဲ့....."

"ဟုတ်လား..... သားကို သားမားက အကြောင်းစုံပြောပြီးလောက်ပြီးလို့ တွေးနေမိတာပါ..... ဒါမှ မဟုတ်အလုပ်အရမ်းရှုတ်နေလို့ဖြစ်ပါလိမ့်မယ်..... သားလေးက ခရီး သွားနေတော့ စိတ်ပူနေမှာဆိုးလို့ မပြောတာဖြစ်ပါလိမ့်မယ်...... စိတ်မပူနေပါနဲ့ သားလေးကျန့်.... သားမားကအဆက် အ သွယ်မလုပ်လဲ သားဆက်လိုက်ပေါ့ကွယ်.... "

အကြံပေးလာတဲ့ အန်တီရဲ့ စကားကြောင့် သူ တလေးတစားနဲ့
ခေါင်းငြိမ့်လိုက်ပြီးတော့မှ.....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now