နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.1K 62 1
                                        

အပိုင်း (81)

သူမ ဒီမိန်းကလေးရဲ့ မျက်နှာနုနုလေးကို မြင်မြင်ချင်းညီမလေးတစ်ယောက်လို ချစ်မိတယ်... ပြီးတော့ ကိုယ်ဝန်သည်အချင်းချင်းဖြစ်တာကြောင့်လည်း ကိုယ်ချင်းစာမိတာလည်း ပါတယ်.... ဒီမိန်ကလေးက သူနဲ့အဖြစ်ချင်းခပ်ဆင်ဆင်ဖြစ်တာကြောင့် ဂရုဏတိုးကာ....

"ဒါနဲ့ ညီမလေးရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေ
ရော သူတို့ဆီပြန်သွားပြီးတော့ ညီမရဲ့ အခြေအနေတွေကို ပြောကြည့်ပြီး အကူအညီတောင်းကြည့်ပါလား... သူတို့တွေက ညီမလေးကိုစောင့်ရှောက်မှာပေါ့..."

သူမကို မျက်ရည်တွေကျနေတဲ့ မျက်ဝန်းလေးတွေနဲ့ ခဏမျှငေးငေးလေးကြည့်ပြီးမှ ပင့်သက်ရှိုက်လိုက်ပြီးတော့ တခြားနေရာလေးကို အကြည့်လွှဲပြီးမှ....

"အမပြောသလို့ သူတို့တွေလက်ခံမယ်ဆိုရင်တော့ တစ်မျိုးပေါ့... အခုက အဲ့ဒီလို ဆူငေါက်မဲ့ ငေါက်မဲ့ အမျိုးလေးတစ်ယောက်တောင် ညီမမှာ မရှိဘူးအမရယ်... ညီမက ကံဆိုးတဲ့သူပါ... ညီမကိုယ်ညီမကလွဲဲပြီး ဘယ်အမျိုးမှ မရှိဘူးအမရယ်... ညီမဒီကိုယ်ဝန်ကြီးတစ်ဖက်နဲ့ ဘာမှလည်းမလုပ်တက်ဘူး ညီမကိုယ်ညီမ အသုံးမကျဘူးလို့ပဲ တွေးမိတယ်... ညီမ သေသွားလည်းကောင်းမှာပဲ... ဟင့်ဟင့်....."

မျက်ရည်ကျပြီးတော့ အားငယ်စွာနဲ့ တစ်ယောက်တည်းပြောနေတဲ့ မိန်းကလေးကြောင့်....

"အို.... မဟုတ်တာညီမလေးရယ် မပြောကောင်းမဆိုကောင်းတာတွေပြောနေတယ်.... ဘာလုပ်သေရမှာလဲ ဘဝကို ဒီလိုမျိုးလွယ်လွယ်နဲ့ အရှုံးပေးလို့မဖြစ်ဘူးလေ.... အထူးသဖြင့် ညီမဗိုက်ထဲက ကလေးကိုလည်း ငဲ့ဦးလေ.... ဗိုက်ထဲက သားလားမီးမီးလား မသိသေးတဲ့ ကလေးအတွက် အသက်ရှင်ဖို့ ကြိုးစားသင်တယ်... ဘာလိုကလေးအတွက်ဆိုပြီးတော့ မကြိုးစားကြည့်ရတာလဲ ညီမရယ်... အခုချိန်မှာ ကိုယ်ဝန်သည်ဆိုတာ အားငယ်နေတက်တယ်ဆိုပေမဲ့ ကလေးအတွက်ဆိုပြီး အားတင်းထားသင့်တာ်ညီမရယ်... မငိုနဲ့တော့နော် တိတ်တိတ်.... "

သူမအားပေးစကားပြောမိတယ်....

"ဒါပေမဲ့ ညီမ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေမခံနိုင်တော့ဘူး... သူတို့တွေပြောလာမဲ့ အတင်းအဖျင်းတွေကို ညီမကြောက်တယ် သူတို့တွေကို မရင်ဆိုင်ရဲဘူး အမရယ်အင့်ဟင့်....ဟင့်...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now