အပိုင်း (74)
ရှောင်ကျန့် ဒီနေ့တစ်ယောက်ထဲ အိမ်မှာကျန်ရစ်ခဲ့တာဖြစ် သည်.... သူကို စိတ်မချစွာနဲ့ အလုပ်ကို မသွားချင် သွားချင်နဲ့ ထွက်သွားတဲ့ Yiboပုံစံကို ပြန်မြင်ယောင်ရင်းနဲ့ ပြုံးနေမိတော့တယ်... သူကိုအရမ်းချစ်ပေးတဲ့ Yiboကြောင့်လည်း သူပိုပြီး ပျော်ရွှင်မိတယ်.... Yiboရဲ့ အချစ်ခံရတာ ဒီတစ်ကမ္ဘာမှာ ကံအကောင်းဆုံးသူတစ်ယောက်ဖြစ်တယ်လို့ သူထင်မိတယ်... သူYiboအကြောင်းလေးကိုတွေးနေမိစဥ်မှာပဲ... တတီတီနဲ့ ဧည့်ခန်းက ဖုန်းလေး မြည်လာတာကြောင့် ရှောင်ကျန့် ခေါင်းတစ်ခါခါဖြင့် သွားပြီး ဖုန်းလေးကို ကိုင်လိုက်ရင်းတော့....
"ကျန်ကျန့်နေကောင်းရဲ့ လား ဘယ်လိုနေသေးလဲ ကျွန်တော်ကတော့ အရမ်း လွမ်းလွန်းလို့ အလုပ်တောင်ကောင်းကောင်း မလုပ်နိုင်ဘူး သိလား... ကျွန်တော်ကိုအဲ့ဒီလောက်ဆွဲဆောင်နိုင်တာ သိရဲ့လား... စာရေးဖို့ ဘောပင်တောင်မကိုင်နိုင်ဘူးသိလား... ကျန်ကျန့်ဆိုတဲ့ ခင်ဗျားလေကို အရမ်းကိုတွေ့ချင်နေတာ မတက်နိုင်လို့ အသံကြားရအောင် ဖုန်းဆက်လိုက်တာ.... ဖြစ်နိုင်ရင် အခုတောင် ကျွန်တော်ပြေးလာချင်တာ သိလား... အလုပ်အကျွေးတွေများနေလို့သိလား..."
ဖုန်းထဲမှာ အရမ်းအဖြစ်သည်းပြနေတဲ့ Yiboကြောင့် ရှောင်ကျန့် အသံမထွက်အောင်ရယ်မိပြီးမှ ရယ်သံမပါအောင် ထိန်းလိုက်ပြီးတော့မှ....
" Yiboအပိုတွေလုပ်မနေနဲ့ အခုဖုန်းဆက်တာတောင် အ ခေါက်(20)လောက်ရှိနေပြီသိလား... အလုပ်လုပ်ဦးမှာလား... မင်းနောက်တစ်ခါဆက်ရင် ငါဖုန်းမကိုင်တော့ဘူးနော် ဟွန်း...ဒါပဲအရမ်းပိုလွန်းတယ် သူများတွေကြားရင် အမြင်ကပ်နေမယ်သိလား...."
"ကပ်ပါစေ... ကျွန်တော်ကချစ်တက်လွန်းနေတော့လည်း မတက်နိုင်ဘူးကျန်ကျန့်ရဲ့ ကျွန်တော် ငုံထားမတက်ချစ်တာ ကျွန်တော်ကိုယ် ကျွန်တော်အသိဆုံးပဲ.... ဒီတစ်လောကလုံးက ကျွန်တော်ချစ်တာ မယုံရင်တောင် ကျန်ကျန့်ဆိုတဲ့ ကျွန် တော်ရဲ့ ယုန်လေးက ယုံကြည်ပေးရင် အရာအားလုံး အဆင်ပြေတယ်သိလား...."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...