နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.2K 77 2
                                    

အပိုင်း (51)

သူမ ဒီနေ့ယောက္ခမဖြစ်သူမှာထားတဲ့ အတိုင်း ရှင်းရှင်းဆိုတဲ့ မိန်းကလေးမိသားစုလာမှာဖြစ်တဲ့အတွက် ဟင်းတွေကိုချက်ပေးနေရတယ်... ဟင်းနံက နှာခေါင်ဆီသို့ အနံဝင်လာတာကြောင့် အန်ချင်စိတ်ကို မနည်းမျိုးသိပ်ထားမိတယ်.... ကြည့်ရတာ အခုတလောသူမ ရင်ပြည့်နေတာထင်တယ် ဒါကြောင့် အလိုလိုနေရင် အော့အန့်ချင်နေတာဖြစ်မယ် လူက စားချင်စိတ်မရှိဖြစ်နေမိတယ်.... လူကနေမကောင်းချင်သလိုဖြစ်နေတာကြောင့် အလုပ်တွေလုပ်နေတာကို သူမနားချင်မိတယ်.... အလုပ်မပြီးသေးတာကြောင့် အမြန်လတ်စသတ်နေတာဖြစ်တယ်... သူမလုပ်တာ အဆင်မပြေရင် အမေက ကိုယ်ကို ပြ ဿနာရှာမှာ စိုးတာကြောင့်လည်းဖြစ်တယ်... သူမအတွက်နဲ့ ကိုယ်ကို အမေနဲ့ ပြဿနာမတက်စေချင်တာကြောင့်လည်းဖြစ်သည်.... အထူးသဖြင့်ကိုယ်ကို စိတ်ချမ်းသာစေချင်တယ် စိတ်ညစ်မှာ မလိုလာတာကြောင့် ဖြစ်တယ်... သူမနောက်ဆုံးကျန်နေတဲ့ ဟင်အိုးလေးကို မီးဖိုးပေါ်တင်လိုက်ပြီးနောက် ဧည့်သည်တွေ မရောက်လာခင်မှာပဲ ဟင်းပွဲတွေကို ပြင်ဆင်ပေးပြီးတော့ လုပ်စရာရှိတာလုပ်လိုက်တယ်... အလုပ်ပြီးတော့ သူမ နားချင်လာတာကြောင့်  သူမအိမ်အကူလေးကို ဧည်သည်လာရင်သူမကိုခေါ်ဖို့ မှာခဲ့ပြီး အခန်းလေးထဲဝင်ပြီးနားမိတယ်.... ခေါင်းတွေကလည်း အရမ်းမူးနောက်နေတာကြောင့် သူမ ခဏနားမှ ဖြစ်ပေလိမ့်မယ်.... သူမမှေးနေစဥ်မှာပဲ ခဏလေးအိပ်ပျော်သွားမိတော့တယ်... ခဏလေးဆိုမှ နည်းနည်းလေးသာကြာပေလိမ့်မည်... အခန်းထဲက ဆူညံသံတွေကြောင့် ချင်ကျစ်လန့်နိုးလာတယ်... သူမရဲ့ အခန်းထဲမှာ လူတွေရောက်နေပြီတော့ ကိုယ်ရောကိုယ်အမေနဲ့ ရှင်းရှင်းတို့ သား အမိကိုပါ တွေ့လိုက်ရတော့ သူအံသြနေမိတယ်... သူတို့တွေရဲ့ တူညီတဲ့အချက်က သူမကို ရွံရှာမုန်းတီးတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာကြောင့် သူမနားမလည်းစွာနဲ့ ကိုယ်ရဲ့ လက်ကိုလှမ်းဆွဲမိတော့.... သူမကိုင်ထားတဲ့ လက်ကို ကြမ်းကြမ်း တမ်းတမ်းဖြုတ်လိုက်ကာ တွန်းထည့်လိုက်ပြီးတော့စိမ်းစိမ်း ကားကားကြီးကြည့်နေတဲ့ ကိုယ်ကြောင့် အရမ်းကိုတုန်လှုပ်သွားမိတယ်....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now