နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.5K 97 2
                                    

အပိုင်း (25)

ကျူးသခင်လေးကတဖြည်းဖြည်းနဲ့ ဝေးကွားသွားတဲ့ ရှောင်ကျန့်ရဲ့နောက်ကျော်လေးကို ကြည့်ပြီးတော့သူကောက်ကျစ်စွာ ပြုံးလိုက်တော့တယ်.... တိုဆိတ်ဆိတ်မျက်တောင်ဖျားလေးတွေနဲ့ ဖြောင့်စင်းနေတဲ့နှာတံသွယ်လေးတွေရယ် နှုတ်ခမ်းအောက်က မှည့်နက်နက်လေးရယ်က သူကိုလာပြီး သိမ်းပိုက်လှည့်လို့ ဖျားယောင်းနေသယောင်မို့ သူရှောင်ကျန့်ကိုလက်မလွှတ်နိူင်တော့ပေ......

"မင်းက သဘောမတူတာနဲ့ပဲ ငါကလွယ်လွယ်လေး လက် လွှတ် ပေးရမယ်ဆိုရင် ရာဇဝင်ရိုင်းသွားမှာပေါ့ရှောင်ကျန့်.... မင်းရဲ့ ရည်းစားကငွေမက်တော့ အလွယ်တကူပဲ မင်းနားက မောင်းထုတ်နိုင်တယ်.....ငါမှာ အဲ့ဒီလိုငွေမက်လို့ကပ်​နေကြ
တဲ့ မိန်းမတွေများလွန်းလို့တောင် ရှောင်နေတာ ပြီးရင် သူမကိုလည်းတခြားမိန်းမတွေလို စွန့်ပစ်လိုက်မှာပဲ ..... ရှောင်ကျန့်မင်းမှာ အားကိုးစရာဘာမှ မရှိဘူး.... အရေးအကြောင်းဆို မင်းရဲ့ အမေလည်း မင်းကို ကယ်နိုင်မှာ မဟုတ်လောက်ဘူး.... မင်းကို ကြာကြာ လွှတ်ထားပေးတာ သိပ်မကောင်းဘူး.... အလုပ်မရအောင် ငါလုပ်လိုက်တာတောင် မင်းကအလုပ်ရသွားသေးတယ်.... ငါ့က မင်းမှာ အားကိုးစရာမရှိ ငွေမရှိအောင် လုပ်ချင်တာ ကံကောင်းသွားတဲ့ မင်းလေး
ဘယ်လောက်ငါ့ဆီက ပြေးနိုင်မလဲ စောင့်ကြည့်ချင်သေးတယ် အချစ်လေးရာ....... မကြာခင် အချိန်အတွင်းမှာပဲ မင်းက ငါ့အပိုင် ဖြစ်စေရတော့မယ်ရှောင်ကျန့်.... စောင့်နေလိုက်တော့ ငါကသိပ်ပြီး စိတ်မရှည်တက်ဘူး ဟားဟား..... "

သူတစ်ယောက်တည်း ကားပါကင်တွင် ကျိန်းမောင်းပြီး ပြောနေမိတော့တယ်..... ရှောင်ကျန့်မင်းက အဝေးကကြည့်ရင်လည်း ချစ်စရာလေး.... အခု အနီးကပ်တွေ့ရတော့လည်း  ခပ်စွာစွာပုံစံလေးနဲ့ သူကိုပိုပြီး ဆွဲဆောင်နေသယောင်ဖြစ်နေတော့....... ရှောင်ကျန့်ရဲ့မျက်နှာလေးကို မြင်ယောင်းရင်း လျှာသတ်ပြီး သူဆန္ဒတွေကို ဖြေလျော့နေမိတော့တယ်..... သူတမင်ပင် ရှောင်ကျန့်သူကို မြင်ဖူးအောင် လုပ်လိုက်တာလေ.... ပြီးတော့ ရှောင်ကျန့် ကောင်မလေးနဲ့ ရှောင်ကျန့်ကို ထိပ်တိုက်တွေ့အောင် သူလုပ်လိုက်တာလေ ... သူကောင်မလေးကို တသ်ဖက်လှည့်နဲ့ ဒီကိုခေါ်လာတာဖြစ်သည်..... ကောင်မလေးကလည်း ငွေမက်တဲ့ သူဖြစ်နေတာကြောင့် သူတစ်ရက်လောက် ငွေကို ရေလို လောင်းလိုက်တာနဲ့ ချက်ချင်းပဲ ကောင်မလေးသူဆီကို ကပ်လာတော့ အဆင်ပြေသွားတာလည်း ပါတယ်.... ပြီးတော့ သူမက ဘယ်လို မိန်ကလေးလဲဆိုတာ ရှောင်ကျန့်ကို သိသွားအောင် လုပ်လိုက်တာပါ..... ရှောင်ကျန့် မင်းကောင်မလေးကို ငါရဲ့ ကုတင်ပေါ်ရောက်အောင် လုပ်နိုင်တယ်ဆိုတာပြပြီးနော်.... သူမ မပြောနဲ့ မင်းကိုလည်း ငါ့ရဲ့ ကုတင်ပေါ်ရောက်အောင် လုပ်နိုင်တယ်ဆိုတာ သိစေချင်တယ်.....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now