အပိုင်း (53)
သူချင်ကျစ်ကို မတွေ့တွေ့အောင်ရှာဖွေခဲ့ပေမဲ့ ဘယ်လိုမှ ရှာလို့မရသလို ဘယ်နေရာမှ မတွေ့ခဲ့ဘူးလက်လှမ်းမှီသလောက် စုံစမ်းပေမဲ့ ဘယ်သူဆီကမှ သတင်းအစအနတောင်မရခဲ့ပေ... နောက်ဆုံးသူ ရှာမတွေ့တော့တဲ့ အဆုံးမှာတော့ သူမကို ရှာဖွေတာ လက်လျော့လိုက်တဲ့ အချိန်မှာတော့ သူဆီကို လ သားအရွယ် ကလေးငယ်လေးတစ်ယောက်ကို ချီပြီးရောက် လာတဲ့ မိန်းမတစ်ယောက်ကို ခြံဝမှာတွေ့လိုက်ရတော့တယ်... ခြံစောင့်ကြီးက သူကိုတွေ့ချင်လို့ မိန်းကလေးတစ်ယောက်က ကလေးငယ်လေးကို ချီထားပြီး ခြံရှေ့မှာရောက်နေတယ်..... လာမေးနေတယ်ဆိုတဲ့ စကားနဲ့အတူ ချင်ကျစ်က စကားပါး လိုက်တယ်ဆိုတဲ့ စကားကြောင့် သူထိုမိန်းက လေးရှိရာကို အမြန်လာတွေ့တာဖြစ်သည်.... သူခြံဝရောက်တော့ ထိုမိန်းမနဲ့ ကလေးငယ်ကို ကြည့်ပြီး ကြောင်ငေးနေစဥ်မှာပဲ ထိုမိန်းက လေးက.....
"အစ်ကိုယ်က ကျန်အိမ်တော်က ကျန်းသခင်လေးမလားဟင်... "
သူမက သူကို စူးစမ်းကြည့်လေးနဲ့ မေးနေတာကြောင့်....
"ဟုတ်ပါတယ် ဒီက မိန်းကလေးက ကျွန်တော်ကို တွေ့ချင်တာက....."
သူလည်းကောင်းမလေးလာတဲ့ အကြောင်းကို တိုက်ရိုက်မေးလိုက်တော့တယ်.... သူကျစ်လေးထွက်သွားပြီးထဲက လူတွေကိုသိပ်ပြီစကားပြောဖြစ်တော့ပေ.... အခုလည်းသူမ ဆီက ချင်ကျစ်ရဲ့ အကြောင်းကို သိရမယ်ဆိုလို့ မျှော်လင့်တကြီးရောက်လာတာဖြစ်သည်...
"ဟုတ်ပါတယ် အစ်ကိုကို လူတစ်ယောက်က အမှာပါးလိုက်လို့ပါ.... ညီမကို မမကျစ် အဲ... မမချင်ကျစ်က လွှတ်လိုက်တာပါ.... ဒီကလေးက မမရဲ့ သွေးသားပါ လူလောကကို ရောက်လာတဲ့ မမရဲ့ တစ်ဦးတည်းသော သမီးလေးပါ... မမ က သူမရဲ့ကလေးကို သူအဖေဖြစ်တဲ့ သူဆီကို သေသေချာ ချာလေးပို့ပေးဖို့ မှာလိုက်တာပါ အစ်ကို..."
သူမစကားကြောင့် သူမျှော်လင်တကြီးနဲ့ မေးမိသည်က....
"အခု သူမဘယ်မှာလဲဟင် အစ်ကိုကိုပြောပြပေးနိုင်မလားဟင်... သူမကို တွေ့ချင်လို့ လိုက်ရှာနေတာ အစ်ကိုကို သူမ ရှိတဲ့ နေရာလေးပြောပြပေးပါလားညီမရယ်.... အစ်ကိုမှားခဲ့တာတွေအတွက် သူမကိုတောင်ပန်ချင်လို့ပါနော်...."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...