အပိုင်း (75)
Yibo စကားပြောရင်းနဲ့ ထိုအမျိုးသမီးနဲ့ သူ့အဖော်တွေကိုပါ မသိမသာအကဲခက်ကြည့်မိတယ်... စကားပြောတဲ့ အချိန် မှာ သူမတို့မျက်နှာမှာ မရိုးသားမှုတွေ စိတ်လှုပ်ရှားမှုတွေသာတွေ့နေရတယ်... သူမပြောတဲ့ သားတစ်ယောက်အတွက် နာ ကျင်နေတဲ့အရိပ်အယောင်လုံးဝမတွေ့ရပေ... မျက်နှာပေါ်က အပေါ်ယံသာသာလောက်တာ လုပ်ထားတာမျိုးဖြစ်သည်.... သူတို့တွေက ရှောင်ကျန့်ရဲ့ မိဘတွေဆိုတာ ယုံကြည်ဖွယ်ရာမရှိပေ... ယုံလည်းမယုံပေ အခုမှရှောင်ကျန့်ရှိနေတဲ့နေရာကို တိုက်ရိုက်ကြီး ရောက်ချလာတာက သူတို့ကိုမသင်္ကါစရာကောင်းလွန်းလှတယ် အရင်ကဘာလို့မလာရတာလဲ.... သူတို့ ယုန်လေးနားကို ကပ်လာတာ အကြံအစည်တစ်ခုခုတော့ရှိနေတဲ့ပုံပဲ... သူယုန်လေးကိုတော့ ထပ်ပြီး ထိခိုက်အောင်လုပ်မှာကိုတော့ လက်မခံနိုင်ပေ....
"တော်ပြီတော်ပြီ သားလေးရှောင်ကျန့်နဲ့ပဲ စကားပြောချင်တယ်... မင်းနဲ့ မပြောချင်တော့ဘူး ဘယ်မှာလဲ ငါ့သားကို ခေါ်ပေးစမ်းပါ... သားလေးရှောင်ကျန့်မေမေစကားပြောပါရစေ ခဏလောက် အပြင်ထွက်လာပေးပါနော်.... မားလေသားမသိသေးတဲ့အကြောင်းတွေပြောပြချင်တယ်သားရယ်.... မားရှင်းပြတာနားထောင်ပေးပါကွယ်.....ဟင့်ဟင့်....ဟင့်ဟင့်..."
သူမYiboဆိုတဲ့ကောင်လေးနဲ့ စကားပြောတာ မနိုင်တာကြောင့် တမင်ရှောင်ကျန့်နဲ့ ပြောမယ်လို့ပြောလိုက်တာဖြစ် သည်... ပြီးတော့ မထွက်တဲ့မျက်ရည်ကို ညစ်ထုတ်လိုက်ပြီး ပါးပြင်ပေါ်ကို ချွေချလိုက်ပြီးတော့ရှောင်ကျန့်ကြားအောင်ပြောနေခြင်းဖြစ်သည်.... သူမတို့ကြားတာကရှောင်ကျန့်ဆိုတဲ့ကောင်လေးကအရမ်းပျော့ညံပြီး သူတစ်ပါးကို စိတ်ဒုက္ခရောက်အောင်မလုပ်တက်ဘူးလို့ပြောတာကြောင့် တမင်ရှောင်ကျန့်နဲ့ပြောဖို့ကြံစည်လိုက်တာဖြစ်သည်.... ဒါပေမဲ့ Yiboက သူမဟန်ဆောင်နေတာကို သိနေသလိုပုံစံမျိုးမဲ့ပြုံးနဲ့ ကြည့်ပြီးပြောလာတာက....
"Sorry ပဲ ရှောင်ကျန့်က မတွေ့ချင်ဘူးဆိုလို့ အခန်းထဲမှာ နေခိုင်းထားတာ... သူ မတွေ့ချင်တဲ့ သူကိုကျွန်တော်ကလည်း အတင်းအကြပ် တွေ့ခိုင်းမှာ မဟုတ်ဘူး.... ဒါကြောင့် မျက်ရည်လေးတွေပြန်သိမ်းထားလိုက်ပါလား အရမ်းနှမျော်ဖိုရမ်းကောင်းတယ် ကျွန်တော်ရှေ့မှာ မျက်ရည်ကျပြလည်း မျက်ရည်သာခန်းခြောက်သွားမယ် မသနားတက်လို့လေ ဟားဟား...."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...
