နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.2K 91 3
                                    

အပိုင်း (55)

သူရှောင်ကျန့် ကိုယ်လေးကို ပွေ့ချီပြီး ကုတင်ပေါ်တင်လိုက်တယ်... မဟုတ်ရင် ရေချိုခန်းထဲမှာ ကြာနေတဲ့ သူယုန်လေးအအေးပတ်တော့မယ်လေ....နေမကောင်းရင် ဆေးသောက်ရမှာ အရမ်းကြောက်တဲ့ ယုန်လေးကို သူမဖျားစေချင်ပေ..... ဒါပေမဲ့ သူစိတ်ဆိုးနေတယ် ထင်ပြီး အသံမထွက်ရဲပဲ သူလုပ်ပေးသမျှငြိမ်နေရှာတဲ့ ယုန်လေးကို ကြည့်ပြီး သူရယ်ချင်ပေမဲ့ ခပ်တည်တည်ဟန်ဆောင်နေလိုက်တယ်.... သူကို လုပ်သမျှကို လိုက်ကြည့်နေတဲ့ ယုန်လေးကို သူဘာမှ မပြောသေးပဲ....
အဝတ်ဗီရိုထဲကနေ အဝတ်တစ်စုံကိုယူပြီးရှောင်ကျန့်ကို ဝတ်ပေးလိုက်ပြီးမှ....

"ခြေထောက်က အရိုးထိသွားလား ကျွန်တော်ကြည့်ပေးမယ်...."

သူ ရှောင်ကျန့် ခြေထောက်လေးကို ဖွဖွလေး ကိုင်ကြည့်ဖို့ လက်လှမ်းလိုက်တော့.....

"ဟင်အင်း... နာမှာပေါ့ မပြဘူး.... ရတယ်ဘာမှ မဖြစ်ဘူး..."

သူ ကိုင်တာကို အကိုင်မခံပဲ ငြင်းနေတဲ့ ယုန်လေး​ကြာင့်....

"ရှောင်ကျန့် ကျွန်တော် စိတ်မရှည်တော့ဘူးနော်... မဆိုးနဲ့ ပြနော် မဟုတ်ရင် တစ်သက်လုံး လမ်းလျှောက်လို့မရဘဲနေလိမ့်မယ်...."

သူဆူပြီးပြောမှ မျက်ရည်တွေဝဲလာပြီးတော့ သူကို သနားခံသလိုကြည့်ပြီး....

"အရမ်းမလုပ်နဲ့နော် ငါနာလို့ပါ...."

သူခေါင်းငြိမ့်ပြပြီး....

"အင်း....."

သူ ယုန်လေးခြေထောက်လေးကို ဖွဖွလေးကိုင်ပြီး နှိပ်ကြည့်လိုက်တော့....

"အာ့.... နာတယ် Yiboမနှိပ်နဲ့တော့နော်...."

မခံနိုင်အောင် ထပြီးအော်တဲ့ ယုန်လေးပါတည်း သူမကြားသလိုလုပ်ပြီး နှိပ်ကြည့်နေမိတယ်....

"မရဘူး နည်းနည်းလေး အနာခံရမယ်....တော်သေးတယ် ပြုတ်ကျတာ အရိုးတော့ မထိဘူး.... ဒါပေမဲ့ ဒဏ်ဖြစ်သွားလိမ့်မယ်....ခဏအောင့်ခံထားနော် လိမ်မာတယ်...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now