အပိုင်း (96)
တရားခံများထိန်းသိမ်းထားတဲ့ နေရာကိုကျန်းသခင်ကြီးနှင့်အတူ Yiboရောရှောင်ကျန့်ပါအတူတူရောက်လာခဲ့ပေမဲ့ Yi boက ယုန်လေးကို မလိုက်စေချင်ပေ ဒါပေမဲ့ အန်ကယ်က သူကလေးကို ခေါ်ခဲ့တာကြောင့် သူလည်းဘာမှ မပြောဆော့တာဖြစ်သည် ဒါပေမဲ့ ....
"ကျန်ကျန့်လေး ကားပေါ်မှာနေခဲ့မလား အထဲမှာက စိတ်ရှုပ်စရာတွေကောင်းတယ်နော်..."
"ဟင်အင်း....ကျန်ကျန့်ကားပေါ်မှာ တစ်ယောက်ထဲမနေချင်ဘူး လိုက်ခဲ့မယ်နော်..."
Yibo ယုန်လေးကို နေဖို့ပြောမနေတော့ပေ.... သူယုန်လေးကိုလည်း ကားထဲမှာ တစ်ယောက်တည်းထားခဲ့ရမှာကို စိတ်မချတာကြောင့် နေခဲ့မယ်ဆိုရင်တောင် မထားခဲ့နိုင်ပေ.... သူတို့ဝင်လာတော့ Yiboက ရှောင်ကျန့်လက်ကိုဆွဲပြီးတော့ ကျန်းသခင်ကြီးအား....
" ကျွန်တော်တို့ ကျင်းသူဌေးဆီကို သွားပြီး တွေ့လိုက်ဦးမယ်.... ကျန်းထိုလျာအမေနဲ့ အန်ကယ်က တခြားအကြောင်းတွေ ပြောစရာတွေရှိနေမှာဆိုတော့ မလိုက်တော့ဘူး.... ပြီးမှ ကားပေါ်မှာ ပြန်ပြီးတွေ့ကြတာပေါ့အန်ကယ်...."
Yiboရဲ့ အဓိပ္ပါယ်ပါပါစကားကြောင့် ကျန်းသခင်ကြီး သ ဘောပေါက်သွားပြီးတော့ ကျေးဇူးတင်သလိုကြည့်လိုက်ပြီးမှ...
"အင်း... ဟုတ်တယ်... သားတို့သွားနှင့်ကြနော်....ပြီးမှ ကားမှာတွေ့မယ်နော်..."
သူတို့နှစ်ယောက်လုံး အန်ကယ်ကို ပြောပြီးထွက်လာလိုက်တော့တယ်....
ဧည့်တွေ့တဲ့အခန်းထဲမှာတော့ မျက်နှာထားတင်းတင်းနဲ့ ထိုင်နေတဲ့ ကျန်းသခင်ကြီးကို ဂရုမစိုက်စွာနဲ့ အောင်နိုင်သူပုံစံနဲ့ဝင်လာတဲ့ ကျန်းထိုက်လျာရဲ့ မိခင်မျက်နှာပြောင်းမှုကို ကြည့်ပြီး သူတော်တော်စိတ်ပျက်မိတယ်.... ဘာလို့များနော် သူမရဲ့ သ မီးတွေကို သူမွေးဖို့တွေးမိခဲ့လဲမသိတော့ဘူး... သူဆုံးဖြတ် ချက်ကြောင့် သူရဲ့သားလေး သေမလို့ဖြစ်ဖို့ နည်းနည်းပဲလိုတော့တာလေ... တော်တော်ယုတ်မာတဲ့ သူတွေပဲ ဒီအမေကမွေးတာ ဒီသမီးဒီလိုဖြစ်တာ မဆန်းတော့ မဆန်းပေ.... အခုထိ စကားတစ်ခွန်းမှ မပြောပဲ သူမကို ကြည့်နေတဲ့ ကျန်းသခင်ကြီး အား....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanficမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...