အပိုင်း (40)
ရှောင်ကျန့် တစ်ညနေစောင်းလုံး မားပို့လာမဲ့ Message လေးကို စောင့်ရင်းနဲ့ မျက်ခွံလေးတွေ လေးလံလာတာကြောင့် အိပ်ပျော်သွားတော့တယ်...ပြန်နိုးလာတော့ ညမိုးချုပ်တောင် ရောက်နေပြီး ဖုန်းလေးကို လှမ်းကြည့်တော့လည်း မားဆီက ပြန်စာတောင်မရသေးတာကြောင့် မားကိုသတိရနေမိတယ်...
"မား.... သားကို သတိရသေးရဲ့လားဟင်... သားကို စာလေးကိုတွေ့ရင် စာလေးတော့ပြန်ပါဦးမားရယ် ဖုန်းကလည်းဆက်လို့မရနဲ့ သားကို စိတ်ဆိုးနေလို့လာ ဟင်.... သားမှာ မားတစ် ယောက်တည်းပဲ ကျန်တော့တာပါ.... မားသားကို မစွန့်လိုက် ပါနဲ့နော်.....အရမ်းလွမ်းတယ် မားရယ် မားနဲ့ ခွဲရမယ်မှန်သိရင် သားခရီးတောင် မလိုက်သွားဘူး....ဟင်း....."
သက်ပြင်းမောလေးကို ချလိုက်ရင်း သူစိတ်က မားဆီကိုသာရောက်နေတာကြောင့် မနက်ထဲက သူထမင်းမစားရသေးတာကို သတိရပေမဲ့.... မိုးလည်းချုပ်နေပြီ ဆိုတော့ ထမင်းသွားစားဖို့ဆိုတာ အဆင်မပြေတော့တာကြောင့် သူ Yibo ပေး လိုက်တာကို သတိရမိတာကြောင့် ဘာတွေလဲဆိုပြီး ယူကြည့်လိုက်တော့ မုန့်လေးတွေဖြစ်နေတာကြောင့်သူစားနေရင် မျက် လုံးကလည်း ဖုန်းလေးဆီကို အကြည်ရောက်နေမိတယ်... သူကိုမားဘယ်အချိန်စာပြန်ပို့မလဲဆိုပြီးတော့....
"တောင်း"
ဆိုတဲ့ အသံလေးနဲ့ အတူ ဖုန်းမျက်နှာပြင်လေး လင်းလာတာကြောင့် သူကြည့်လိုက်တော့.....
"သားလေး ခရီးထွက်ရတာ အဆင်ပြေတယ်မလား.... မားက ဖုန်းဆက်လို့မရလို့ သားကိုမဆက်လိုက်တာ.... ဒီဘက်က ဖုန်းလိုင်းသိပ်မရဘူး အခုတောင် လိုင်းလေးနည်းနည်းတက်လာလို့ သားဆီကို message ပို့လို့ရတာ သားရဲ့ဒါကြောင့် မားအလုပ်ပြီးရင် ချက်ချင်းသားလေးဆီ ပြန်လာခဲ့မယ်..... မားပြန်လာမှ သားမျက်နှာလေးကို အဝကြည့်ပြီး လွမ်းနေတာတွေပြောမယ်နော် တစ်လလောက်ပဲ ကြာမယ်..... ကျင်းအိမ်တော်မှာ လိမ်လိမ်မာမာနေနော် သားလေး....."
ရှောင်ကျန့် မားရဲ့ စာလေးကို ကြည့်ပြီး မျက်ရည်ဝဲနေမိတော့တယ်... မားဆီကစာပြန်ရတော့ ဝမ်းသာသွားမိတယ်.... မားရယ် သားတို့ တစ်လတောင်ခွဲရဦးမှာပေါ့နော်.... သူအတွက်မား စိတ်မကောင်းဖြစ်ပြီး စိတ်ပူနေမှာစိုးရိမ်မိတာကြောင့်ရယ်နောက်တစ်ခုက မားအလုပ်အေးအေးဆေးဆေး လုပ်လို့ရအောင်လို့ စိတ်ထဲမှာပဲ ရေရွတ်လိုက်မိပေမဲ့စာထဲမှာတော့...
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...