အပိုင်း (29)
ကျန်ကျန့်ပြောတဲ့ စကားရဲ့ အဓိပ္ပါယ်က ဘာကိုဆိုလိုမှန်းရုတ် တရက် သူနားမလည်ပေ.... တဖြေးဖြေးနဲ့ သူသဘော ပေါက် သွားပြီးတော့.... သူကိုပြောတဲ့ ယုန်လေးရဲ့ စကားတွေမှာ သတိုသမီးလို့ ပြောလိုက်တဲ့ အသံက အဖျားခက်တုန်နေတာကို သူသတိထားမိလိုက်တယ်.... မျက်ရည်ကြည်လေးတွေဝဲနေတာကိုလည်း တွေ့လိုက်ရတယ်.... သူအပေါ် ယုန်လေး ခံစားချက်ရှိနေတယ်လို့ သတ်မှတ်လို့ရတာပေါ့... ဒါပေမဲ့ ယုန်လေးက သူရဲ့ ခံစားချက်ကိုတောင် ကောင်းကောင်း နားမလည်သေးတာကြောင့် အတင်းကြီး လုပ်လို့လည်း မဖြစ်သေးပေ... လုံးဝ မတိုးတက်တာနဲ့ စာရင်း ဒီလောက်လေး သူမအပေါ် ခံစားချက်ရှိနေတာ သူအတွက် ယုန်လေးနှလုံးသားကတွေးပေးတာတောင် သူက ကျေနပ်ပေးရမှာပါ.... သူတမင်ပင် သ ဝန်တိုနေတဲ့ ယုန်ကလေးကို စချင်တာကြောင့်....
"ရပါတယ်.... ပြီးမှ ကိုယ်ချော့လိုက်တော့မယ်..... သူမက အဲဒီလောက် သဘောထားမသေးပါဘူး.... သူကအရမ်းလှသလို စိတ်သဘောထားကလည်း နူညံတယ်.... သူက အရမ်းချစ်ဖို့ကောင်းတယ်...."
သူပြောတာကို နားထောင်ပြီးတော့.... မျက်နှာလေးမကောင်း ပဲနဲ့ တစ်ဖက်ကို မျက်လုံးလွှဲနေပေသည်......... သူမျက်နှာကိုလည်း သေချာမကြည့်တော့ပဲ ကားပြတင်းအပြင်ဘက်က ရှု ခင်းတွေကိုငေးနေတဲ့ ယုန်လေးကို ပြုံးကြည့်ပြီးတော့..... ပ ခုံးလေးနှစ်ဘက်ကို ထိန်းကိုင်လိုက်ပြီး သူဘက်ကိုဆွဲလှည့်ပြီးတော့.....
"အလကားစတာပါ.... သူမက ကျွန်တော်ကောင်မလေးမ ဟုတ်ဘူး.... စေစပ်ပေးဖို့ အိမ်ကလူကြီးတွေပြောဖူးတယ်.... ဒါပေမဲ့ ကျွန်တော်မှ မကြိုက်တာ သူမကိုမယူနိုင်ဘူးလို့ငြင်းလိုက်တယ်လေ..... ကဲ ကျန်ကျန့်စပ်စု စိန်လေး ဘာသိချင်သေးလဲ.... သိချင်တာရှိရင် တစ်ခါတည်းမေးလေ....."
သူစလိုက်တော့ ပါးလေးတွေရဲပြီး ရှက်သွားတဲ့ မျက်နှာလေးက သူအတွက် အရမ်းချစ်ဖို့ကောင်းလိုက်တာ......
"ကျွန်တော်က ခင်ဗျာကို သဘောကျတာဆိုတာ မသိဘူးလား...... ကျွန်တော် အရမ်းချစ်တယ်ဆိုတာ မရိပ်မိတာ အ ရမ်းတုံးတာပဲ... ကျွန်တော် ခင်ဗျားကို ပိုင်ဆိုင်ချင်တယ်...."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...