နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.2K 67 3
                                    

အပိုင်း (68)


ကျန်းထိုက်လျာတို့သားအမိစကားပြောနေတာကို Yibo နား ထောင်နေတယ်လို့ ထင်ရပေမဲ့... တကယ်က အိပ်ပျော်တဲ့ရှောင်ကျန့်မျက်နှာလေးကို ငေးနေတာဖြစ်သည်... သူမတို့ပြောနေတဲ့ စကားတွေကို Yiboက အရေးတောင်မလုပ်ပေ.... သူမတို့ပြောနေစဥ်မှာပဲ အားလုံရဲ့ အာရုံက...

"Yibo.... Yibo... ငါဆီကိုပြန်လာခဲ့ပါ.....အင့် ဟင့်ဟင့်... ပြန်လာခဲ့....အင့်...."

ယုန်လေးအော်ခေါ်နေတာ သူနာမည်မှန်း သိတယ် ဘာလို့ခေါ်နေတာလဲတော့ သူသေချာမကြားရပေ.... ဒါပေမဲ့ သူကြောင့် ငိုကြွေးနေတဲ့ ယုန်လေးကို အိမ်မက်ထဲမှာတောင် မျက်ရည်မကျစေချင်တာကြောင့် သူရှောင်ကျန့်ရဲ့ ကိုယ်လေးကို လှုပ်ပြီး နှိုးလိုက်တော့တယ်.....

"ရှောင်ကျန့်..... ရှောင်ကျန့်.... "

သူနှိုးလိုက်တော့....

"အင့်.... ဟင်..."

ငြီးသံလေးသဲသဲလေး ထွက်လာပြီးတော့မှ မျက်လုံးလေးဖွင့်လာသည့် သူရဲ့ယုန်လေးပါတည်း..... ပြီးတော့ မျက်လုံးလေးဖွင့်လာပြီး သူကို ကြည့်လာတဲ့ ယုန်လေးပြီးတော့ သူကိုထပြီးဖက်လိုက်တဲ့ ကလေးပါတည်း....ပြီးတော့ နှုတ်ခမ်းလှလှလေးကနေပြီးတော့...

"ဟင်... Yiboမသေဘူးနော်... ငါဆီပြန်လာတာပေါ့နော်..."

Flash Back End

ရှောင်ကျန့် မျက်နှာလေးကို တစ်စက္ကန့်လေးတောင် မျက်လုံးမလွှဲပဲ ငေးကြည့်နေမိတယ်.... သူသတိမေ့နေတဲ့ ရက်အတွင်းမှာ ယုန်လေးကို မတွေ့ရတာကြောင့်ဖြစ်သည်.... မျက်တောင်မခတ်စတမ်း ငေးရင်းကနေ....

"ကျွန်တော်က သေပါမလား.... ခင်ဗျာလေးကိုတောင် ချစ်လို့မဝသေးတာကို မှတ်ထားလိုက် Yiboက လွယ်လွယ်နဲ့ ဘယ်တော့မှ ခင်ဗျားလေးဘေးကနေ ထွက်မသွားဘူး.... ထွက်သွားလို့လဲမရဘူးလေ... အဲ့ဒါ ဘာလို့လဲသိလား ဟောဒီကကျန့်ကော်က ကျွန်တော်ရဲ့ နှလုံးသားတစ်ခုလုံးကို စိုးမိုးထားတာကြောင့်လေ...."

Yiboစကားပြောရင်းနဲ့ သူ ယုန်လေးရဲ့ ဆံပင်လေးတွေကို မထိတထိလေးကိုင်နေမိတယ်.... အရမ်းချစ်ဖို့ကောင်းလွန်းလို့ သူမှာ ဘယ်လို ဝှက်ထားရမလဲ တွေးနေမိတယ်.... ရှောင်ကျန့် Yiboရဲ့ စကားလေးဆုံးသွားတော့ သူYiboကို ဖက်လိုက်မိတော့တယ်.... Yibo ပထမတော့ ကြောင်သွားပြီးမှ နောက်တော့ ပြုံးလာပြီးတော့ ရှောင်ကျန့်ရဲ့ ကိုယ်သေးသေးလေးကို ပြန်ပြီး ဖက်ထားလိုက်တော့တယ်.... သူက ဒါကို ပိုပြီးကြိုက်တယ်လေ သူကိုအားကိုးတာကိုလေ...

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now