နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.1K 64 9
                                    

အပိုင်း (63)

ရှောင်ကျန့်တစ်ယောက် အရေးပေါ်ခန်းထဲကနေ ထွက်မလာသေးတဲ့ Yiboကို စောင့်ရင်းနဲ့ ယောက်ယက်ခက်နေမိတယ်... အရေးကြီးတာက Yiboခွဲစိတ်ခန်းထဲကနေအန္တရာ ယ် ကင်းကင်းနဲ့ ပြန်ထွက်လာရင် ကျေနပ်ပါပြီး.... သူအခုသိလိုက်ရတာက သူနားမှာ Yiboရှိနေတာနဲ့ကို အရာအားလုံးပြည့်စုံ လုံလောက်နေပါပြီလေ....ငါဆီကို ပြန်လာပေးပါနော်... ငါကို စိတ်ကုန်စရာကောင်းတယ်လို့ တွေးပြီး ပြန်မလာပဲမနေပါနဲ့ Yiboရယ်.... မင်းသာပြန်လာမယ်ဆိုရင် ငါဘာမဆိုလုပ်ပေးပါမယ်.... ငါ့ဆီပြန်လာပေးဖို့ပဲ တောင်းဆိုပါရစေနော်..... သူ မိုးနတ်မင်းထံ တိုးတိတ်စွာရေရွတ်ပြီး မျက်ရည် ကျရင်း တောင်းဆိုမိလိုက်တော့တယ်..... သူဆုတောင်းကို မိုးနတ်မင်းကြီး လက်ခံပေးပါစေလို့လည်း ကလေးတစ်ယောက်လို တောင်းနေမိတော့တယ်.... အခုစိတ်ထဲမှာဖြစ်နေတာက Yiboအဆင်ပြေဖို့ပါပဲ ကျန်တာကတော့ သူအတွက် ဘာမှမလိုအပ်ပေ... Wang အိမ်တော်ကို အကြောင်း ကြားထားပေမဲ့ အခုထိတော့ တစ်ယောက်မှရောက်မလာသေးပေ... အန်ကယ်က အိမ်မှာမရှိဘူးလို့ပြောတာကြောင့် မလာသေးတာလားမသိပင်.... သူတစ်ယောက်တည်း ခွဲစိတ်ခန်းရှေ့မှာ စောင့်နေရင်းမှာပဲ Wang ကတော်ရောက်လာတော့တယ်....

"ဟဲ့ ငါ့သား Yiboကိုမှ ဘာလို့ ဒီလိုဖြစ်အောင်လုပ်ရတာလဲ.... ဘာလို့ ဒီလိုကံဆိုးစေရတာလဲ...သားလေး Yibo က မင်းနဲ့ လက်ထပ်မှကံဆိုးတာ သိလား.... အရင်က ကားတွေ ဆိုင်ကယ်တွေကို အရုပ်ကလေးလို သဘောထားတဲ့ သူက အဲ့ဒီတုန်းက ဘာမှမဖြစ်ဘူး.... အခုမင်းနဲ့ ယူလိုက်လို့ ကံတွေညံသွားတာလေ... နင့်က ကံမကောင်းတဲ့ ကောင်းပဲ.... အလားကားဟာပဲ နင့်ကလေ နင့်နဲ့ ယူတဲ့သူတိုင်ကို ကံဆိုးစေတဲ့ကောင်ပဲ.... "

သူမ ဒီလိုပြောလိုက်ရင် ရှောင်ကျန့် ကိုယ်ကိုယ်ကို စိတ်ပျက်ပြီး Yiboနားကနေ ထွက်သွားအောင် မောင်းထုတ်နေတာဖြစ်သည်.... သူမ ရှောင်ကျန့်ကို ပြောနေစဥ်မှာပဲ....

"ဟုတ်တယ်...အန်တီပြောတာ အရမ်းမှန်တယ်... သူနဲ့တွေ့ရတဲ့သူတိုင် အမြဲတမ်းကံဆိုးတက်တယ် သိလား... ဟွန်း Yiboက ဘယ်လို မျက်လုံးနဲ့များ သူကို ကြိုက်တာလဲမသိဘူးနော်... ပြောရင်လည်း နားမလည်သလို လုပ်နေတယ် အ ရှက်ကိုမရှိဘူး... ရုပ်ရည်လေးရှိတာပဲရှိတယ် ပြီးတော့ အ ရမ်းကို မာယာများတယ်.... သူက Yiboကို ချမ်းသာလို့ ကပ်နေတာဖြစ်မယ်... ရှောင်ကျန့် နင့် Yiboဆီကနေ ပိုက် ဆံတွေ လိုချင်လို့ကပ်တာတင်အားမရဘူး အခုတော့ သူကို အသက်သေစေအောင် ကြံစည်နေတာဖြစ်မယ်.... နင့် လိုချင်သလောက်ငါပေးမယ် Yiboနားကနေထွက်သွားပေးစမ်းပါ သူဆီကို ဘယ်တော့မှ ပြန်မလာနဲ့တော့... ငါ့တို့ Yiboကိုပြောလိုက်မယ် နင်သေ သွားတယ်လို့ဆိုပြီးတော့ပေါ့... ဒါဆိုသူလဲ နင့်ကို မမုန်းတော့ဘူးပေါ့ရှောင်ကျန့်ရဲ့နင့်က Yibo နင့်ကို အရမ်းချစ်နေတယ်ထင်နေလား... သူကအရင်ထဲက ရည်စားများတယ် သူက ဘယ်သူကိုမှ အတည်အတန့်မတွဲဘူး အခုလည်း နင့်ကိုလည်း ခဏလေးပဲတွဲနေတာလေ သူရိုးသွားရင်နင့်ကို ပစ်သွားမှာ ငါ့က နင့်ကို သနားလို့ပြောနေတာရှောင် ကျန့်ရယ်.... နင့်အတွက်သတိပေးနေတာ အခုသွားလိုက်စမ်းပါ... Yiboက ကောင်းတဲ့သူမဟုတ်ဘူး နင့်ကိုလည်း တမင်တွဲတာ ဖြစ်လိမ့်မယ်..... နင့်ထွက်သွားဖို့ ငါဘယ်လောက် ပိုက်ဆံပေးရမလဲ ရှောင်ကျန့်ရယ် နင့်အတွက် ရင်းနှီးစားသောက်လို့ရအောင် ငါပေးမယ်လေ...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now