အပိုင်း (10)
Yibo ယုန်လေးနဲ့တူတဲ့ ကောင်လေးဆီကနေ စချင်လိုသာ ရေသန့်လေးကို ယူလိုက်ရတာဖြစ်ပေမဲ့..... အခုလောက်ဆို စိတ်ဆိုးနေပြီးလားမသိဘူး......
"ချစ်စရာကောင်းတယ်ကွာ ဒီတစ်ခါတွေ့တာ မတော်တဆပေမဲ့ နောက်တစ်ခါတော့ ထပ်ပြီး တွေ့ချင်သေးတယ်..... တတိ ယအကြိမ်ဆိုရင်တော့ မင်းက ကိုယ်ရဲ့ဖူစားဖက်ပဲဖြစ်စေရမယ် ယုန်လေးရေ....."
ရေဘူးလေးကိုကိုင်ကြည့်ပြီး စိတ်ထဲပြောနေမိတာဖြစ်သည်... အပြင်ထွက်မလို့လုပ်ပြီးမှ နားနေခန်းမှာ ဆိုက်ကယ်သော့လေးကျန်ခဲ့တာကြောင့် ပြန်ယူဖို့ အပေါ်တက်ခဲ့လိုက်တယ်.... သူတခြားလူတွေကိုတွေ့ပြီး နှုတ်ဆက်နေရမှာစိုးလို့ လူတွေ သိပ်ပြီး မသုံတဲ့အရေးပေါ်လှေးကားကနေတက်လိုက်ပြီ သူအခန်းရှိရာကို အသွားမှာ လူရှင်းပြီး လူသူကင်းမဲ့နေတဲ့နေရာလေးတစ်ခုထောင့်ချိုးကနေ မိန်းကလေး တစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက် စကားပြောနေတာကို ကြားလိုက်ရတယ်.... သူမပြောတဲ့စကားတွေကိုကြားလိုက်ရတာကြောင့် ရုပ်ရည်ကဘယ်လိုနေမှန်းမသိပေမဲ့..... အပြောအဆိုအရမ်းကြမ်းတာပဲလို့ တွေးလိုက်မိတယ်....
"ဘယ်လိုမိဘတွေကများ ဘဝင်လေဟတ်အောင် သင်ပေးထားတာလဲမသိဘူး......"
ခေါင်းလေးတစ်ခါခါပြောမိပြီးကိုယ်နဲ့ မဆိုင်တာကြောင့်ဆိုင် ကယ်သော့ပဲသွားယူဖို့ တွေးလိုက်မိစဥ်မှာပဲ....... အသံချိုချိုလေးတစ်ခုကို ကြားလိုက်ရတာကြောင့် သူစိတ်ဝင်စားသွားမိကာ မသွားဖြစ်တော့ပဲ ဆက်ပြီးနားထောင်လိုက်တယ်........ ဘာကြောင့်လဲဆိုရင် အခုပြောနေတဲ့ အသံရှင်လေးက သူ ခုန က သူစိတ်ဝင်းစားနေတဲ့ ယုန်ဖြူလေးမို့ပင် သူနဲ မဆိုင်ဘူးဆိုပေမဲ့ သူမြတ်နိုးသွားမိတဲ့ ယုန်လေးနဲ့ ပတ်သတ်နေတာကြောင့် သူနဲ့ ဆိုင်တယ်လို့ တွေးမိလိုက်တော့တယ်.... မျက်နှာလေးမြင်ရနိုင်တဲ့နေရာထိ တိုးပြီးရပ်လိုက်တော့ စကားတွေပါပိုပြီး ကြားရတော့ နားထောင်နေမိလိုက်တယ်....... သူမတို့တွေက တော့ သူကို အခုထိသတိတောင်မထားမိကြပေ....သူတို့ဆက်ပြောလာမဲ့ စကားတွေကို လူမှုရေးအရ နားမထောင်သင့်မှန်းသိပေမဲ့ ယုန်ကလေးအကြောင်းဆိုတော့ သူပိုပြီးသိချင်တာလည်းပါတာကြောင့် ဆက်ပြီးနားထောင်နေမိတယ်....... ပြီးတော့ ယုန်လေးဘယ်လို တုန့်ပြန်မလဲ သိချင်တာလည်း ပါတယ်...... ထပ်ပြီး ပြန့်လွင့်လာတဲ့စကားတွေကို နားထောင်ရင် ပြုံးလိုက်မိတယ်......
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...