နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1K 67 5
                                    

အပိုင်း (82)

မျက်ရည်တွေ သုတ်လိုက်တယ်.... သူမ သေတော့မဲ့ အတူတူမတောင်းပန်တော့ဘူး.... သူမလုပ်နိုင်သလောက်လုပ်ပြီးသွားပြီလေ သူမကိုသတ်ချင်လောက်အောင် မုန်းတီးနေတဲ့ သူကိုတော့ သူမသိချင်မိတယ် မဟုတ်ရင်သူမသေသွားရင် တောင်အသေဖြောင့်မှာမဟုတ်ပေ... သူမတွေးနေစဥ်မှာပဲ လူသတ်သမားသုံးယောက်ထဲက တစ်ယောက်ကနေ....

"အေးလေ... သူမကိုပြောပြလိုက်စမ်းပါ သူလည်းသေတော့မဲ့အတူတူပြောပြလိုက်စမ်းပါ... ပြီးရင်ဇယားအမြန်မြန်ဖျက်လိုက်တော့.... အချိန်အရမ်းကြာသွားရင် လူတွေသိကုန်လိမ့်မယ်ကွ....."

"အေးပါဟ... ငါ့သိပါတယ် မင်းကလည်းဆရာလာလုပ်မနေပါနဲ့...."

သူတို့အချင်းချင်း တိုင်ပင်နေကြတာကြောင့် သူမ မကြာခင် သေတော့ မှာပဲလို့ သိလိုက်ရတယ်.... လူသတ်သမားတစ်ယောက်ကနေပြီးတော့....

"အေး.... သေတော့မဲ့ အတူတူနင့်ကိုပြောပြလိုက်မယ်.... နင့်ကို သတ်ခိုင်းတဲ့သူက တခြားသူတော့မဟုတ်ဘူး သူကိုနင့်လည်း သ်ပြီးသားပဲ...."

"ဟဲ့.... နင်တို့ သတ်ပြီးသွားပြီးလား.... သေ သွားပြီးလား ဟင်းဟင်း...."

သူမတို့စကားပြောနေစဥ်မှာပဲ လူသတ်သမားတွေရဲ့ နောက်ကနေ သူမရင်နှီးနေတဲ့ အသံတစ်သံ ထွက်ပေါ်လာတာကို ကြားလိုက်ရတော့ သူမ နောက်ကို လှမ်းကြည့်မိတော့....

"ဟင်..."

သူမအံသြ သွားမိတယ် သူမကို သတ်ခိုင်းတဲ့သူက သူမလုံးဝကို မထင်မှတ်ထားတဲ့သူဖြစ်နေတာကြောင့်ဖြစ်သည်....ခုနက ရယ်နေတဲ့ မိန်းမကလည်း သူမပြောနေတာတွေ ချက်ချင်းရပ်သွားပြီး မျက်နှာပျက်သွားတော့တယ် ... ပြီးမှ မထူးတော့ဘူးဆိုတဲ့ ပုံစံနဲ့ ရှေ့ထွက်လာပြီးတော့....

"မမ.... သေရတော့မယ်ဆိုတော့ ဘယ်လိုခံစားနေရလဲ ညီမကတော့ စိတ်တော့မကောင်းဘူး... မမရယ်သေရတာမကောင်းဘူးလေ... မမက ညီမအပေါ်ကို အရမ်းကောင်းခဲ့တာဆိုတော့..."

လှောင်ထေ့ထေ့ဖြင့် မထိတထိပြောလာတဲ့ သူကို ကြည့်ပြီး ဒေါသတွေထွက်လာမိတယ်....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now