အပိုင်း (18)
ဆေးရုံမှာ ရှေ့ကားလေးရပ်လိုက်တော့ ယုန်ပေါက်ကမဆင်းသေးပဲ ဟိုကြည်ဒီကြည့်လုပ်နေတာတွေ့တော့....
"မဆင်းဘူးလား ရှောင်ကျန့်.....ကိုယ်ချီသွားရမလား....."
သူပြောလိုက်တော့ သူအား မျက်စောင်းလေးရွယ်ပြီးတော့ကြည့်လိုက်ပြီးမှ....
"ဟိုလေ.... ဆေးရုံးက အထူးကုဆေးခန်းကြီးဆိုတော့ ပိုက် ဆံတွေ အများကြီးတောင်းရင် ဘယ်လိုလုပ်မလဲဟင်...."
ပိုက်ဆံကိစ္စတွေးပြီး ပူနေတာကို ထုတ်ပြောလာတဲ့ ကောင်လေးကို သူခေါင်းခါရင်း သူအရင် ကားပေါ်ကဆင်းလိုက်ပြီးတော့မှ.... ရှောင်ကျန့်ဘက်ကကို လျှောက်သွားပြီးတော့ ကားတံခါးကို ဖွင့်ပေးလိုက်ပြီး......
"ခါးပတ်ကြိုးဖြုတ်လိုက်...."
"ငါ့.....ငါ မပြတော့ဘူး ပြန်တော့မယ်လေနော်.....နောက်မှ ပြလိုက်မယ်နော်..... အိမ်မှာ ဆေးထည့်လည်း အဆင်ပြေနေတာပဲဟာနော်.....ဒီဒဏ်ရာလောက်ကို အလကားငွေအကုန်ကျများအောင်လို့.... "
သူကို ချောပြီး အိမ်ပြန်ပို့ခိုင်းနေတဲ့ ကလေးဆိုးကြီးကိုကြည့်ပြီးတော့.....
"ရှောင်ကျန့်..... ကျွန်တော်စိတ်ဆိုးလာပြီးနော် ရှောင်ကျန့် သူငယ်ချင်း ဖြစ်နေလို့ သည်းခံနေတာ အရမ်းဆိုးမလာနဲ့..... အခုကားပေါ်ကဆင်း ဆေးခန်းပြရမယ်"
ပြောပြီး ကားခါးပတ်ကြိုးကို သူကိုတိုင်ဖြုတ်လိုက်ပြီး ရှောင်ကျန့်ကိုယ် သေးသေးလေးကို ကားပေါ်ကနေ ပွေ့ချီလိုက်တော့......
"ဟင်..... ရတယ် ငါ့ဘာသာသွားမယ် အောက်ပြန်ချပေး လူတွေရှိနေတယ် မြင်ရတာ မသင့်တော်ဘူး..... ကိုယ်ဘာသာလမ်းလျှောက်မယ်....."
သူကိုပြောနေတဲ့ ယုန်စွာကျယ်လေးကို သူခပ်တည်တည် စိုက်ကြည့်လိုက်ပြီးတော့မှ ခေါင်းလေးငုံပြီး ငြိမ်ကျသွားတယ်..... မဆိုးဘူးသူကိုတော့ ကြောက်သားပဲ....
"ကျွန်တော်တို့က သူငယ်ချင်းတွေလေ အမြင်မသင်တော်စ ရာ ဘာမှမရှိဘူး...... စိတ်မပူနဲ့ ဘယ်သူမှ မပြောရဲဘူး...... ခင်ဗျားလေးကမှ လမ်းမလျှောက်နိုင်တာကို မချီသွားရင် ဘယ်လိုလုပ်ရောက်တော့မှာလဲ....."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...