နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1.3K 56 2
                                        

အပိုင်း (97)


မင်းနောက်တစ်ခါ ဒီထက်အဖြစ်မဆိုးချင်ရင် ရှောင်ကျန့်ရဲ့ အရိပ်ကိုတောင်ထိဖို့မကြိုးစားနဲ့ ပြီးတော့ ငါပြောတာမှန်မမှန်သိချင်ရင် အနောက်မှာရပ်နေတဲ့ မင်းအဖေရဲ့ကို သွားမေးလိုက်ဦး... ခင်ဗျားကသမီးကို လူလိုနားလည်အောင် သင်ပေးထားလိုက်ဦး မဟုတ်ရင် ဟိုတရားမဝင်တဲ့ သမီးတွေလို ဒုက္ခရောက်နေဦးမယ်နော်..."

ကျင်းသူဌေးကသူအားပမာမခန့်ပုံစံနဲ ထေငေါ့ငေါ့စကားပြောနေတာကိုတောင်ဂရုမစိုက်နိုင်တော့ပဲ....

"Wang Yibo မင်းဘာကိုဆိုလိုတာလဲ... ငါ့သမီးတွေဆိုတော့ ကျန်းထိုက်လျာတို့ ညီအစ်မကိုပြောတာလား.... သူတို့တွေ ဘာဖြစ်လို့လဲ... ငါကို ရှင်းအောင်ပြောသွားဦးလေ သူတို့.... သူတို့ကို ငါကိုမကျေနပ်တာနဲ့ သူတို့တွေကို အနိုင်ကျင့်ဖို့မကြိုးစားပါနဲ့ မင်းမကျေနပ်တာရှိရင် ငါ့ကိုမင်းကြိုက်သလို နှိပ်စက်လိူ့ရတယ်.... ပြီးတော့ ရှောင်ကျန့်ကိုနှိပ်စက်တာလဲငါပဲ ဒါကြောင့် သူတို့တွေကို မထိပါနဲ့ ငါတောင်ပန်းပါတယ်နော်...."

"အဲ့ဒီလောက်ထိ စိတ်မဝင်စာဘူး... သူတို့အပြစ်လုပ်လို့ သူတို့လုပ်ရပ်အတွက် သူတို့တွေခံစားရတာ.... သူတို့နဲ့ ထိုက် တန်တဲ့ အပြစ်ကို ခံစားရမှာပဲလေ.... အခုမှ လာပြီးတော့ ဖခင်ကောင်းပုံစံဖမ်းမနေပါနဲ့... လူမြင်မကောင်းဘူး... ဒါပေ မဲ့ တရားရုံးမှ အမိန့်ချရင်တော့ ခင်ဗျားတို့ အချင်းချင်းစုံကြမှာပဲ အဲဒီတော့မှ ခင်ဗျားရဲ့ မိန်းမဟောင်းကို မေးကြည့်လိုက်ပေါ့...."

"မင်း... ငါ့ကိုရှင်းအောင်ပြောပြီးမှ သွားရမယ်Wang Yibo...မဟုတ်ရင်မင်းတို့ မလွယ်ဘူး...."

ကျင်းသခင်ကြီးပြောတာကို ပြန်ပြီး ဖြေမနေတော့ပဲနဲ့ ရှောင်ကျန့်လက်ကလေးကို ဆွဲပြီးတော့ ဒီနေရာကနေ ထွက်သွားလိုက်တော့တယ်... သူယုန်လေးကို ထိပါးပြောဆိုခဲ့တဲ့ ကျင်းလန်ဖုန်းကို Yiboနည်းနည်းမှ မကျေနပ်ပေ....ယုန်လေးက ခွင်လွှတ်ဖို့ ပြောပေမဲ့ သူကတော့ လုံးဝခွင့်မလွှတ်နိုင်ပေ... ကလေးက သူကိုဘာမှမလုပ်ဖို့ ပြောပေမဲ့ သူကတော့ လက်မခံနိုင်ပေ... အဲ့ဒီနောက်ပိုင်းမှာတော့.... ကျင်းသူဌေးတို့ရော Yiboရဲ့ မိထွေးရော အကုန်းအသီးသီးထောင်ကျသွားတော့တယ်.... ကျန်းပိုင်မိန်းကတော့ ဆေးရုံးမှာပဲ အသက်ရှင်လျက်နဲ့ သေသလိုဖြစ်နေတော့တယ်...ရှောင်ကျန့်တို့ဆေးရုံကို သွားကြည့်ပြီး လိုအပ်တာလေးတွေလုပ်ပေးတော့.... သူမ နောင်တရသလို ပုံစံနဲ့ ကြည့်ပြီးမျက်ရည်လေးတွေကျပြီး တောင်ပန်းနေသလိုကြည့်တက်တယ်... သူတို့လည်း ကျန်းပိုင်မိန်းကိုသနားပေမဲ့ ဘာမှ မတက်နိုင်ကြပေ... အတက်နိုင်ဆုံး သူမကို စောင့်ရှောက်ပေးမည်သာ... ကျန်းထိုက်လျာက တော့ ညီမဖြစ်သူကို သတ်မိသလိုဖြစ်သွားတာကြောင့်ရော သူမနေချင်သည့် ထောင်ထဲမှာနေရတာရော ပြီးတော့ ထောင်ထဲကလူတွေ နှိပ်စက်တဲ့ ဒဏ်တွေကြောင့်ရောလူကရှုးကြောင် ကြောင်ဖြစ်သွားတော့တယ်... ကျန်းထိုက်လျာရဲ့ အမေကတော့ သမီးတွေရဲ့ သတင်းတွေကြောင့် ယူကျုံးမရဖြစ်နေတော့တယ်... ကျင်းလန်ဖုန်းရဲ့ လက်ရှိနေနေတဲ့ အိမ်တွေရော လုပ်ငန်းတွေနဲ့ ပစ္စည်းတွေပါ Yiboက ပြန်ပြီး သိမ်းလိုက်တာကြောင့် သူတို့သား အမိတွေလည်းအမျိုးတွေဆီမှာ ကပ်ပြီးနေတယ်... သူတို့တရားသူတို့စီရင်သွား တယ်လို့ပြောလိုက်ရတယ်... အဲ့ဒီကိစ္စတွေ ပြီးသွားတဲ့ အချိန်မှတော့ အား လုံး သူနေရာနှင့် သူဖြစ်သွားတော့တယ်... အရာအားလုံးက အေးအေးချမ်းချမ်းလေးနဲ့ ပုံမှန်အတိုင်းဖြစ်သွားတော့တယ်...

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now