နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.1K 64 0
                                    

အပိုင်း (58)

Yiboယုန်လေးရဲ့ မားဆီသွားဖို့အတွက် လိုအပ်တဲ့ စားစရာရယ် အဝတ်အစားအနည်းငယ်နဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို  ဝယ်ပြီး ကားပေါ်မှာထားလိုက်ပြီး မောင်းသူနေရာမှာ ဝင်ထိုင်လိုက်ပြီးတော့.... ဘေးဘက်မှာ အိပ်ငိုက်ပြီးလိုက်လာတဲ့ ယုန်လေးကို ကြည့်ပြီး.....

"ရှောင်ကျန့် ဟိတ် ဘာဝယ်ချင်သေးလဲ...  လမ်းမှာ ဆိုင်မရှိတော့ဘူး... လိုချင်တာရှိရင် ကျွန်တော် ဝယ်ပေးမယ်လေ...."

သူရှောင်ကျန့်လေးကို သီးသန့်သုံးဖို့ ငွေမပေးရသေးတာကြောင့် လိုအပ်တာ မှန်သမျှ Yiboလိုက်ကြည့်ပြီး လုပ်ပေးနေတာဖြစ်သည်... ယုန်လေးက သူဘာသာ လိုအပ်တာကို ထုတ်ပြီးပြောမဲ့ သူမျိုးမဟုတ်တာကြောင့်ပင်.... သူကသာ လိုက်ပြီး စီမံနေတာဖြစ်သည်.... သူမေးလိုက်တော့ မျက်လုံးလေးပွင့်ပြီး သူကိုကြည့်လာတဲ့ ကောင်လေးက....

"ဟင့်အင်း ငါဘာမှ မလိုဘူး ဒါပေမဲ့.... ငါလေ အချဥ်ထုတ်နဲ့ အာလူးကြော်စားချင်တယ်.... "

သူကိုပြောလာတဲ့ ယုန်လေးကို မျက်မှောက်ကျုပ်ကာ ကြည့်လိုက်ပြီးတော့...

"အားလူးကြော်က စားလို့ရတယ်.... အချဥ်ပေါင်းက ဗိုက်နာမယ် မစားရဘူး... ဒီမှာ အားလူးကြော် တခြားမုန့်တွေ စား ကြားလားရှောင်ကျန့်....."

"ဟွန့်....မစားတော့ဘူး.... သူများစားချင်တာတော့ မကျွေးဘူး.... တော်ပြီတော်ပြီး ဘာမှ မစားတော့ဘူး... သူများကို အချဥ်ပေါင်းလေး တစ်ထုတ်တောင် မကျွေးချင်ဘူး... မခေါ်တော့ဘူး... ဟွန့်"

သူကို နှာခေါင်းလေးရှုတ်ပြကာ စိတ်ဆိုးပြီး ကားအပြင်ဘက်ကို ငေးကြည့်နေတဲ့ ယုန်လေးကို ကြည့်ပြီး သူပြုံးမိတယ်.... ကားလေးကို လမ်းလေးအတိုင်း မောင်းလိုက်တော့တယ်....... သူဒါမျိုးကိုတော့ အလိုမလိုက်နိုင်ပေ.... သူယုန်လေးကိုအန္တရာယ်ဖြစ်စေမဲ့ အစားအစားမျိုးကိုတော့ သူအလိုမလိုက်နိုင်ပေ.... သူကားလေး လမ်းမအတိုင်း တရွေ့ရွေ့နဲ့ မောင်းနှင်းပြီး မကြာခင်မှာပဲ မိုးလေးတဖွားဖွား ရွာချလာတော့တယ်... သူတို့ဆီမှာက အချိန်အခါမဟုတ်မိုးရွာနေကြမို့ သိပ်တော့ မဆန်းတော့ပေ.... မိုးလေးသည်းလာပြီး ဖြစ်တာကြောင့် ကားပြတင်းကနေ ရေပေါက်လေးတွေ ဝင်လာတော့....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now