နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.1K 70 4
                                    

အပိုင်း (85)

ရှောင်ကျန့်ဆက်ပြောဖို့တောင် သူမှာ ရင်ထဲစို့နစ်နေမိတော့တယ် စကားလုံတွေတောင် ပျောက်ဆုံးနေသလို လမ်းစပျောက်နေမိတယ်..... သူက သူကိုဂရုစိုက်ပေးတဲ့ သူတွေ အားလုံးအတွက် ဝန်ထုတ်ဝန်ပိုတစ်ခုသာဖြစ်နေတယ်.... သူကြောင့်လူတွေအားလုံး ဒုက္ခရောက်ရတာလေ...သူရဲ့ အဖေအရင်းကတောင် မလိုချင်တာ တစ်ခြားသူတွေဆိုရင် မပြောပါနဲ့တော့.... ဒါပေမဲ့သူ Yiboရဲ့ ကျေးဇူးကြောင့် သူရဲ့မိဘတွေဘယ်သူလဲဆိုတာ သိခွင့်ရခဲ့ယုံနဲ့ ကျေနပ်ပါတယ် ... သူလောဘမတက်တော့ပါဘူး.... အနည်း ဆုံးတော့သူက မိဘမဲ့တစ်ယောက်မဟုတ်ဘူးသိရတယ်... သူအမေအရင်းကလည်း သူကို မလိုချင်လို့ပစ်ထားခဲ့တာမဟုတ်ဘူးဆိုတာ သူသိခွင့်ရခဲ့ပြီလေ... သူအဖေအသိအမှတ်ပြုခြင်း မပြုခြင်းက အရေးတော့မကြီးတော့ပေ... ဒါပေမဲ့ Yiboကရော သူကိုတကယ်လိုချင်လိုရော ဟုတ်ရဲ့လား...  သူကိုသနားနေလို့ ဂရုစိုက်ပေးနေတာလား... သူကYiboကို ဒုက္ခပေးသလို ဖြစ်နေပြီလား သူကိုချစ်တာYiboကို ထိခိုက်သွားစေနိုင်သလား... သူက လူတွေကိုအမြဲဒုက္ခပေးနေတာ ဘယ်သူကိုမှကောင်းကျိုးမပေးခဲ့တဲ့သူမို့ တွေးရင်းသူပိုပြီး ဝမ်းနည်းလာမိတယ်... သူက သူကလေ...

"ဘယ်သူတွေ ဘယ်လိုမြင်မြင် အဲဒါသူတို့တွေရဲ့အမြင်လေ Yiboဆိုတဲ့ ကျွန်တော်ရဲ့ အမြင်ကတော့ ကျန့်ကော်ကို ဘယ်တော့မှ ​ဝန်းပိုတစ်ခုလို့ မတွေးခဲ့ဘူး... အခုရော နောင်ရော တစ်သက်လုံး မတွေးဘူး... တခြားသူတွေ အမြင်ကဘာပဲရှိရှိဘာတွေပဲပြောနေပါစေ ဘာတစ်ခုမှ ကျွန်တော်ရဲ့ အ ချစ်တွေကို မတားနိုင်ဘူး.... ကျန့်ကော်ကိုချစ်တာ ခဏတာအတွက်လေး ချစ်တာမဟုတ်ဘူး.... တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီး ချစ်ခဲ့တာ.... ကျွန်တော်ကတောင် စိုးရိမ်းနေရတာပါ...."

Yiboစကားကြောင့် ရှောင်ကျန့် နားမလည်သလို ကြည့်မိတယ်.... ဘာကိုစိုးရိမ်နေတာလဲ သူလိုလူက Yiboအတွက် ဘာကို စိုးရိမ်စေရတာလဲ....

"စိုးရိမ်ရတာပေါ့ ဘာလို့ဆိုရင်ကျွန်တော်က ကျန့်ကော်ကို  လို ချင်လွန်းလို့တောင် အလိုမတူပဲ အတင်းခြိမ်းခြောက်ယူထားရတာလေ.... ပြီးတော့ Yiboဆိုတဲ့ ကျွန်တော်က သနားတိုင် အိမ်ပေါ်ခေါ်တင်ရလောက်အောင် စောင့်ရှောက်ရေးဂေဟာဖွင့်ထားတာမှ မဟုတ်တာမဆိုင်တာကိုတွေးပြီးအားငယ်နေတာ ကျွန်တော် လုံးဝကို မကြိုက်ဘူးနော်ကျန့်ကော်... ခင်ဗျာလေးတွေးနေတဲ့ အတွေးတွေကို လွှတ်ပစ်ပြီးတော့ ကျွန်တော်ပြောတာကိုပဲ နားထောင် ကျွန်တော်လိမ်နေတယ်ထင်ရင် ကျွန် တော်နှလုံးခုန်သံကို နားထောင်ကြည့်လိုက် နှလုံးခုန်တဲ့ စက္ကန့်တိုင်းက ရှောင်ကျန့်ဆိုပြီး မြည်းနေလိမ့်မယ်... မယုံရင် နား ထောင်ကြည့်လိုက်ပါလား...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now