နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.5K 98 5
                                    

အပိုင်း (26)

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုမျိုးပေါ့ ကားလေးပေါ်က ဆင်းပြီး ပစ္စည်းတွေ မနိုင်ရင်ကန်းသယ်ပြီးတော့ လမ်း လျှောက်နေရတော့ သူမှာလက်တွေကနာလာပြီး ဖိနပ်မပါတဲ့ ခြေ ထောက်ကလည်း ခဲလေးတွေ စူးမိကုန်​လျက် ဒီအချိန်မှာပဲ မိုးဖွဲလေးတွေက ရွာချလာတော့တယ်.... သူရဲ့ အဖြစ်ကို ​ပြန်ကြည့်ပြီး ရှောင်ကျန့် ငိုချင်မိသွားတယ်..... သူကံကလည်း ဆိုးလိုက်တာ မပြောပါနဲ့တော့...စိတ်ညစ်ညစ်နဲ့ တစ် ယောက်တည်း ပြောရင်လမ်းဘေးလေးမှာ ထိုင်လိုက်မိတော့တယ်..... ခြေထောက်ကလည်း လမ်းလျှောက်တာ ကြာနေပြီမို့ အဆမတန် နာကျင်ကိုက်ခဲလာတယ်..... ပစ္စည်းတွေလည်း သယ်ရတာကြာနေတာမို့ မနိုင်တော့ပေ.... သူခန နားလိုက်တော့တယ် မိုးကလည်း အငြိုးနဲ့ သဲမဲစွာ ရွာချလာတော့တယ်.... တော်သေးတယ်လို့ ပြောရမလား မိုးရွာတာ သူအရမ်းကြောက်တဲ့ မိုးချုန်းသံတွေ လျှပ်စီးတွေမပါတာကြောင့် ကျေးဇူးတင်မိတယ်.....မိုးရွာနေတာကို ကြည့်ပြီတော့ အစကတည်းက ငိုချင်နေတာ ငိုလိုက်လို့ ပြောလိုက်သလို ခံစားရတာကြောင့် လူက ဝမ်းနည်းလာပြီး မျက်ရည်တွေကျလာမိတယ်.... ထိုမျက်ရည်တွေကို သူ မသုတ်တော့ဘူး မိုးနဲ့ အတူကျဆင်းခွင့်ပေးလိုက်တော့တယ်......
-----------------------------------------------------------
Yibo ထမင်းစာခန်းထဲ ဝင်လာတော့ မိထွေးဖြစ်သူရဲ့စကား ကြောင့် ခြေလှမ်းတွေကို ရပ်ပြီး နားထောင်နေမိတော့......

"အစ်ကိုကြီးရယ် ညီမလေးဆုံးပြီးထဲက သားလေး Yiboကို ကျွန်မက အမေလိုစောင့်ရှောက်ခဲ့တယ် အခုဆို သားလေး က အိမ်ထောင်ပြုသင်တဲ့ အရွယ်တောင်ရောက်နေပြီ အစ်ကိုကြီးရဲ့ အခုခေတ် မိန်းကလေးယောင်္ကျားလေးတွေက မလွယ်ဘူး ပိုက်ဆံရှိတဲ့ သူတွေကို အပိုင်ဖမ်းချင်နေကြတာ..... သားလေးက စီပွားရှာတာလည်းတော် အမွေတွေကလည်း စားလို့တောင် မကုန့်တော့ဘူး... တစ်ခုပဲ အစ်ကိုကြီးရယ် သားလေး Yiboကိုကျန်းအိမ်တော့က သခင်မလေး ထိုက်လျာလေးနဲ့ လက်ထပ်ပေးရင် မကောင်းဘူးလား... ကောင်မလေးက ဘာအပြစ်မှ ပြောစရာတောင်မလိုဘူး တော်ပြီ ထက်တယ် အိမ် မှုကိစ္စလည်း ထိန်းသိမ်းတက်တယ်... သားလေးက ဒီလို မိန်း ကလေးနဲ့မှ အဆင်ပြေမှာ အစ်ကိုကြီးရဲ့ ကျွန်မက ညီမလေး အစား သားလေးကို ဂရုစိုက်ချင်တာ..... သားလေးက ကျွန်မကို အထင်လွှဲနေတယ်......"

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now